အမေရိကန် ဒေါ်လာ ၁၆ .၇ သန်းနဲ့ ဝယ်ယူထားတဲ့ ဇိမ်ခံအိမ်ကြီးမှာ သံဃာတော်၁၉၉ ပါးကို ပင့်ဖိတ်ပြီး အိမ်တက် မင်္ဂလာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခဲ့တဲ့ စမိုင်လ်းတို့မိသားစု


အမေရိကန် ဒေါ်လာ ၁၆ .၇ သန်းနဲ့ ဝယ်ယူထားတဲ့ ဇိမ်ခံအိမ်ကြီးမှာ သံဃာတော်၁၉၉ ပါးကို ပင့်ဖိတ်ပြီး အိမ်တက် မင်္ဂလာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခဲ့တဲ့ စမိုင်လ်းတို့မိသားစု

စမိုင်းလ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။




ပြီးပြည့်စုံပြီး သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ချစ်စရာမိသားစုလေးပါပဲ။




ဒါ့အပြင် စမိုင်းလ်တို့မိသားစုက အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး မကြာခဏလှူဒါန်းနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပရိသတ်တွေ အားလုံးက စမိုင်းလ်တို့ မိသားစုလေးစား အားကျနေကြတာလည်းဖြစ်ပါတယ် ။




သူတို့ မိသားစုရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဝေမျှပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်းရုပ်ရုင်သရုပ်ဆောင် စမိုင်းလ် က အမေရိကန်မှာ မကြာခင်က ဝယ်ယူလိုက်တဲ့ ဒေါ်လာ ၁၆သန်းကျော်နဲ့ ဝယ်ထားတဲ့ ဇိမ်ခံအိမ်ကြီးမှာ



မြန်မာဘုန်းကြီးတွေ အပါအဝင် နိုင်ငံတ ကာက ဘုန်းကြီး စုစုပေါင်း ၁၉၉ ပါးကို ပင့်ဖိတ်ပြီး အိမ်တက် မင်္ဂလာအန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ယက်ကပြောကြားထားပါတယ်။



စမိုင်းလ်က “ကျမရဲ့ဆရာတော်ဘုရားတွေသင်ပေးထားတယ်။ ကိုယ်ရောက်တဲ့နေရာမှာ သာသနာပြန့်ပွါးအောင်လုပ်တဲ့။ မြန်မာအပြင်နိုင်ငံတကာ ကသံဃာပေါင်း ၁၉၉ပါး စုစည်းညီညွတ်ပြီး



ဗုဒ္ဓဘာသာ သာသနာကိုအမေရိကန်နိုင်ငံမှာ ပထမဆုံးပင့်ဖိတ် အိမ်တက်အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ကုသိုလ်များထပ်တူရကြပါစေ” လို့ လည်းပြောကြားထားပါတယ်။



အဆိုပါ ဇိမ်ခံအိမ်ကြီးကို သရုပ်ဆောင်စမိုင်းလ်က အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၇ သန်းနဲ့ ဝယ်ယူလိုက်တာဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာဖော်ပြထားပါတယ်