ဗိုလ်နဂါး ရဲ့ အကြမ်းဆုံး တိုက်တိုင်းအောင် တပ်ရင်းတခုကို အကောင်းဆုံးစစ်လက်နက်ပစ္စည်း‌ေတွ တပ်ဆင်ပေးနေပြီ ဖြစ်တဲ့… see more


ဗိုလ်နဂါး ရဲ့ အကြမ်းဆုံး တိုက်တိုင်းအောင် တပ်ရင်းတခုကို အကောင်းဆုံးစစ်လက်နက်ပစ္စည်း‌ေတွ တပ်ဆင်ပေးနေပြီ ဖြစ်တဲ့… see more

ဗိုလ်နဂါးတပ်ဖွဲ့တွေကို MOD လက်အောက်ခံ PDF တပ်ရင်းတွေ အဖြစ် အသိအမှတ်ပြုပြီ ဖြစ်ကြောင်း NUG ဝန်ကြီးဦးရည်မွန် ပြောကြား၊


ယင်းမာပင်ခရိုင် ပုလဲဒေသက ဗိုလ်နဂါး ဦးဆောင်တဲ့ တပ်ဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ PDF တပ်ရင်းတွေ အဖြစ် အသိအမှတ်ပြုပြီ ဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က စက်တင်ဘာ ၁ ရက်နေ့မှာ ပြောကြား လိုက်ပါတယ်။


ဗိုလ်နဂါး ကိုယ်တိုင် သူ့ရဲ့ တပ်ရင်း ၄ ရင်းကို PDF အဖြစ် အသိအမှတ်ပြု ပေးဖို့ တင်ပြထားတာ ဖြစ်ပြီး အခုဆိုရင် အဲဒီ တပ်ရင်း ၄ ရင်း အတွက် လိုအပ်တဲ့ ရိက္ခာ နဲ့ တခြားလိုအပ်ချက်တွေကို ထောက်ပံ့နေပြီ ဖြစ်ကြောင်း လည်း ပြောပါတယ်။


‘’NUG ဘာလုပ်နေလဲ’’ အစီအစဥ်ကနေ ဝန်ကြီး ဦးရည်မွန်က ပြောကြား လိုက်တာ ဖြစ်ပြီး အခုဆိုရင် ဗိုလ်နဂါး ရဲ့ တပ်ရင်းတခုကို လက်နက် တပ်ဆင်ပေးနေပြီ ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။


>