မျက်လုံးဝေဒနာရှင် များအတွက် မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်


မျက်လုံးဝေဒနာရှင် များအတွက် မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ အနုပညာ‌လောကမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ် ဆောင်နိုင်သူတစ်ယောက်ဖြစ်တဲ့နှိုင်းယှဉ်မြင့်မိုရ် ကတော့ လတ်ရှိ Live Sale လောကမှာလည်း ဘုရင်မ တစ်ဦးရယ်လို့ တင်စားရလောက်အောင် အောင်မြင်နေသူတယောက်လည်း ဖြစ်ပါတယ်။


စိန်ရွှေရတနာများကို Live Sale ရောင်းချပေးရာမှာလည်း နာရီပိုင်းအတွင်းမှာပင် သိန်ပေါင်းထောင်ချီ ရောင်းချပေးနိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။အလုပ်အပေါ် စေတနာထား လုပ်ဆောင်ခဲ့တဲ့ အတွက်လည်း အလုပ်ရှင်ကိုရော ဝယ်ယူသူတွေကိုပါ စိတ်ကျေနပ်မှု ပေးနိုင်ခဲ့သူပါ။


လစဉ်မပြတ်လှူတဲ့ အလှူတခုဖြစ်တဲ့ မျက်လုံးလစ်လပ်နေသူတွေကို တစ်လ တစ်ယောက် လှူခဲ့တဲ့အထဲမှာဒီလအတွက် လှူခဲ့တဲ့ ပုံရိပ်လေးတွေကို”ဒီလအတွက် ကွက်လပ်ဖြည့်အလှုကတော့နှိုင်းရှင်အလုပ်လုပ် live လွှင့်ပေးနေတဲ့

ရွှေသမီးစိန်ရွှေရတနာဆိုင်က ဝန်ထမ်းအကို ကိုလှုပေးခြင်းဖြစ်ပါတယ်”ဆိုပြီး လှူဒါန်းဖြစ်တဲ့ အလှူလေးအတွက် ဝမ်းသာပီတိဖြစ်ကာမျှဝေပေထားပါတယ်နော်။


နှိုင်းယှဉ်ရဲ့ အလှူလေးကို ပရိသတ်ကြီးများကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးလည်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Nhying Shin


Thwin – Shwengwegames


>