လီဗာပူးလ်နဲ့ပွဲမှာ ဘန်ဇီမာရဲ့သွင်းဂိုးက ဘာကြောင့်လူကျွံဘောဖြစ်ခဲ့တာလဲ . . .


လီဗာပူးလ်နဲ့ပွဲမှာ ဘန်ဇီမာရဲ့သွင်းဂိုးက ဘာကြောင့်လူကျွံဘောဖြစ်ခဲ့တာလဲ . . .

လီဗာပူးလ်နဲ့ပွဲမှာ ဘန်ဇီမာရဲ့သွင်းဂိုးက ဘာကြောင့်လူကျွံဘောဖြစ်ခဲ့တာလဲ . . .


လီဗာပူးလ်ကို(၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲ၊ ပထမပိုင်းမှာ


ရီးယဲလ်တိုက်စစ်မှူးဘန်ဇီမာ ဂိုးသွင်းယူခဲ့ပေမယ့် VAR ဒိုင်လူကြီးတွေက


လူကျွံဘောအဖြစ်သတ်မှတ်ပြီး ဂိုးမပေးတာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။


ပထမပိုင်းပြီးခါနီးမှာ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ဘောလုံးဆွဲပြေးလာတဲ့ဘန်ဇီမာဟာ


ဂိုးသမားအယ်လစ်ဆင်ကို လိမ်ခေါက်ပြီးတော့ ဂိုးသွင်းဖို့လုပ်ခဲ့ချိန်မှာ ဘောလုံးပျက်သွားပေမယ့်


ဖာဘင်ဟိုနဲ့ပြန်ထိပြီးတော့ သူ့ရှေ့ပြန်ရောက်လာတာကြောင့်


အပိုင်ကန်သွင်းခဲ့ပေမယ့်လည်း ဒိုင်လူကြီးက လူကျွံဘောပေးခဲ့ပါတယ်။




VAR ဒိုင်လူကြီးတွေဟာ အဲဒီဂိုးကို ပေးသင့်၊ မပေးသင့် မိနစ်အနည်းငယ်ကြာတဲ့အထိ


အချိန်ယူစဉ်းစားခဲ့ပြီးတဲ့နောက် လူကျွံဘောအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။


ဘန်ဇီမာ ဂိုးသွင်းချိန်မှာ သူ့နောက်မှာ လီဗာပူးလ်နောက်ခံလူ ရော်ဘတ်ဆင်ရှိနေပေမယ့်


ဒိုင်လူကြီးက လူကျွံဘောပေးခဲ့တာကြောင့် အဲဒီဖြစ်ရပ်အတွက် အွန်လိုင်းပေါ်မှာ




ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။


ဒါပေမဲ့ အယ်လစ်ဆင် ဂိုးရှေ့တက်ပြီးကာကွယ်ချိန်မှာ ရော်ဘတ်ဆင်က ဂိုးသမားနေရာရောက်နေပြီး


လူကျွံဘောစည်းမျဉ်းတွေအရ ရော်ဘတ်ဆင်ကို ဂိုးသမားအဖြစ်သတ်မှတ်ပြီးတော့




ဘန်ဇီမာရဲ့ဂိုးကို လူကျွံပေးခဲ့တာဖြစ်ပါတယ်။


လူကျွံဘောစည်းမျဉ်းသစ်အရ အခုလိုဖြစ်ရပ်မှာ တိုက်စစ်မှူးတစ်ဦးဟာ ပြိုင်ဘက်ဂိုးသမားနောက်မှာရှိပြီး


ဘန်ဇီမာလို ဂိုးသွင်းမယ်ဆိုရင် သူနဲ့ဂိုးပေါက်ကြားမှာ ပြိုင်ဘက်ကစားသမားနှစ်ဦးရှိမှ




ဂိုးအဖြစ်ခွင့်ပြုခံရမှာဖြစ်သလို အခု ရော်ဘတ်ဆင်က ဂိုးသမားအဖြစ် သတ်မှတ်ခံရတဲ့အတွက်


ဗန်ဒိုက်နဲ့ဘန်ဇီမာတို့ရဲ့နေရာယူပုံကို မျဉ်းဆွဲပြီးတော့ လူကျွံဘောဟုတ်၊ မဟုတ်ဆုံးဖြတ်တာဖြစ်ပါတယ်။