ဆရာဇော်ရေ… ကျွန်မတို့က မိခင်ကောင်း၊ အိမ်ထောင်ဖက်ကောင်းတွေ မဖြစ်နိုင်ခဲ့ကြဘူး တဲ့


ဆရာဇော်ရေ… ကျွန်မတို့က မိခင်ကောင်း၊ အိမ်ထောင်ဖက်ကောင်းတွေ မဖြစ်နိုင်ခဲ့ကြဘူး တဲ့

“ဆရာဇော်ရေ… ကျွန်မတို့က မိခင်ကောင်း၊ အိမ်ထောင်ဖက်ကောင်းတွေ မဖြစ်နိုင်ခဲ့ကြဘူး” တဲ့။


အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားပါ။ တစ်နိုင်ငံလုံးက အမေလို့ ခေါ်ကြတဲ့ အမျိုးသမီးကြီးက နိုင်ငံအတွက် ရင်းနှီးပေးဆပ်ခဲ့တဲ့ သူမရဲ့ ဖြစ်တည်မှုမှာ မိခင်ကောင်းတစ်ယောက်ရဲ့ဘဝကိုပါ ထည့်သွင်းပေးဆပ်ခဲ့ရတယ်။


ကျွန်မတို့က အမေ့ရဲ့သားထွေးလေးမို့ ကိုထိန်လင်း ကိုထိန်လင်းလို့ ခေါ်ကြပေမယ့် ကိုထိန်လင်းဟာ တကယ်တမ်းတော့ ဦးထိန်လင်းအရွယ် ဖြစ်နေခဲ့ပြီ။ အမေနဲ့ ဝေးခဲ့ရတဲ့သား၊ မိစုံဖစုံဘဝမျိုးကို ဒီတိုင်းပြည်အတွက် တိတ်တိတ်လေး ပေးဆပ်ခဲ့ရတဲ့သားဟာ အခုဆို သူကိုယ်တိုင် ဆံပင်တွေ ဖြူတဲ့ အရွယ်ထိ အမေနဲ့ဆုံတွေ့ခွင့် မရခဲ့။


ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးတော်ပုံသမိုင်းမှာ ဝမ်းနည်းစရာ မိသားစုပုံပြင်လေးပါပဲ။ သက်ရှိထင်ရှားဇာတ်ကောင်တွေနဲ့ မျက်မြင်ဖြစ်ရပ်တွေထဲက ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးပါပဲ။


ကျွန်မတို့ဟာ ကိုထိန်လင်းကို မြင်တိုင်း အားတုံ့အားနာ ခံစားရတယ်။ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားအပြင် ပြောစရာစကား မရှိခဲ့။ အခု ကိုထိန်လင်းက မြန်မာနိုင်ငံကို ကူညီချင်ပါသတဲ့လေ။ ကမ္ဘာကျော် သံမဏိနှင်းဆီ နိုဘယ်ဆုရှင်ရဲ့သား လက်သမားဆရာလေးက သူတတ်ကျွမ်းတဲ့ ပညာနဲ့ မြန်မာနိုင်ငံသားတွေအတွက်လို့ ရည်ရွယ်ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကားလေးကို ပေးအပ်လာပြန်ပါတယ်။


ကိုထိန်လင်းရဲ့ မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ရှာဖွေကူညီချင်တဲ့ဆန္ဒအပေါ်မှာ အခြေတည်ပေါ်ပေါက်လာတဲ့ ဆန်ရေပရော့ဂျက်ရဲ့ လက်မှတ်လေးတွေကို USD100 နဲ့ ဝယ်ယူအားဖြည့်နိုင်ကြပါပြီ။


အောက်က Link ကနေ မိမိနေထိုင်ရာ နိုင်ငံအလိုက် ပုံလေးတွေကို နှိပ်ပြီး လက်မှတ်ရောင်းချပေးတဲ့ Fundraiser အဖွဲ့များဆီ တိုက်ရိုက်ဆက်သွယ် ဝယ်ယူနိုင်ပါပြီ။


ဟော့ဒီ့ ရေဆန်ကို ဆန်ရေနဲ့အတူ ဆန်တက်လှော်ခတ်ကြရအောင်ပါ။


လက်မှတ်ဝယ်ယူရန်


https://www.springsignature.net


>