စိတ်ရော လူရောပြန်ကျန်းမာလာတဲ့တစ်နေ့ ပရိတ်သတ်ကြီးအရှေ့ကို အရောက်ပြန်လာခဲ့မယ်လို့ ကတိပေးလိုက်တဲ့ မင်းသမီးကြီး… see more


စိတ်ရော လူရောပြန်ကျန်းမာလာတဲ့တစ်နေ့ ပရိတ်သတ်ကြီးအရှေ့ကို အရောက်ပြန်လာခဲ့မယ်လို့ ကတိပေးလိုက်တဲ့ မင်းသမီးကြီး… see more

အနုပညာလောကမှာ ဆယ်စုနှစ်နှစ်ခုကျော်စာ နေရာယူထားနိုင်သူလေးဖြစ်ပြီး အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားတဲ့ အိန္ဒြာကျော်ဇင် ကမင်းသားချော ပြေတီဦးနဲ့ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရ ဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။


အိန္ဒြာကျော်ဇင် ဟာ အသက် ၄၅ နှစ် အရွယ် ရှိနေပြီဖြစ်ပေမယ့် သူမရဲ့အလှကတော့ နုပျိုနေဆဲ ဖြစ်ပါတယ်။

သူမ ကတော့ ပြည်သူတွေနဲ့အတူ နွေဦတော်လှန်ရေး ကြီးအစထဲက ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီကနေ ဖမ်းဆီးခဲ့ပါတယ်။ခင်ပွန်းဖြစ်သူ ပြေတီဦး၊ တူမ မေတိုးခိုင် တို့နဲ့အတူ အကျဥ်းစံဘဝနဲ့ ၂ နှစ်နီးပါနေထိုင်ခဲ့ ရပါတယ်။


ပြန်လည်လွတ်မြောက် လာခဲ့ပေမယ့်လဲမင်းသမီး အိန္ဒြာကျော်ဇင် ကတော့ ပရိသတ်တွေရှေ့ကို ပြန်လည်ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ဆွေနီးမျိုးစပ်တွေရဲ့ ပြောစကားအရကတော့ သူမဟာ ကျန်းမာရေးမကောင်းသေးတာကြောင့် အခုလိုထွက်ပေါ်လာခြင်းမရှိတာပါတဲ့။ ဒါကြောင့်လမင်းသမီး အိန္ဒြာကျော်ဇင် ကတော့ ပရိသတ်တွအားလုံးကိုသတိရ​ကြောင်း၊ ပရိသတ်တွေနဲ့ ပြန်ဆုံနိုင်အောင်ကျန်းမာရေးကိုဂရုစိုက်ပြီးနေထိုင်နေနေကြောင်းကို Eaindra Kyaw Zin Merchandise page လေးမှတစ်ဆင့် စကားလက်ဆောင်လေးပါးခိုင်းလိုက်ပါတယ်။