မေလ (၂၇) ရက်နေ့မှာအလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀) နှစ် ထပ်မံချမှတ်ခံလိုက်ရတဲ့ ရဲတိုက် ရဲ့ လက်ရှိအခြေအနေ


မေလ (၂၇) ရက်နေ့မှာအလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀) နှစ် ထပ်မံချမှတ်ခံလိုက်ရတဲ့ ရဲတိုက် ရဲ့ လက်ရှိအခြေအနေ

မေလ (၂၇) ရက်နေ့မှာအလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀) နှစ် ထပ်မံချမှတ်ခံလိုက်ရတဲ့ ရဲတိုက် ရဲ့ လက်ရှိအခြေအနေ


သရုပ်ဆောင် ရဲတိုက်ကတော့ အမှန်တရားကိုမြတ်နိုးသူဖြစ်ပြီး လွတ်လပ်မှုကိုခုံမင်သူပီပီ သူ့ရဲ့ဘဝကို သူဖြစ်ချင်သလို ဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။


လက်ရှိနိုင်ငံ‌ရေးအခြေအနေတေါမှာဆိုရင်လည်း ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တာကြောင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူဖြစ်ပါတယ်။


ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံပြီးသားဖြစ်တဲ့ ရဲတိုက်ဟာ ဒီကနေ့ မေလ (၂၇) ရက်နေ့မှာလည်း ပုဒ်မ ၂၃ နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံရတယ်လို့ သိရပါတယ်။




“2022 May 27 ၅၀၅ က ဖြင့်ထောင်ဒဏ် ၃နှစ်ချခံရအပြီး ၁၆ ဂ ဖြင့် ထောင်တွင်းအထူးတရားရုံးတင်စစ်ဆေးနေရာမှ ၈လခန့်အကြာတွင် ပုဒ်မ ၂၃ ဖြင့်ထပ်တိုးတရားစွဲဆိုပြီး အနောက်ပိုင်းခရိုင် တရားသူကြီး ဒေါ်လွင်လွင်ဌေးက ၅လနီးပါးထပ်မံစစ်ဆေးပြီး ယနေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်” ဆိုပြီး ရဲတိုက်ရဲ့ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းက အသိပေးထားတာပဲဖြစ်ပါတယ်။




ရဲတိုက်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပီပီ အခုလို မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့အပေါ် သူ့ကိုချစ်တဲ့ ပရိသတ်တွေက စိတ်မကောင်းဝမ်းနည်းဖြစ်နေကြတာပဲဖြစ်ပါတယ်။


Credit