Kylie Cosmetics ကို အင်တာနက်အသုံးပြုသူတွေ ဝင်ရောက်ကြည့်ရှုမှု ၈၀% လောက်လျော့နည်းသွားခဲ့တာကြောင့် Kylie Jenner အနေနဲ့ သန်းပေါင်းများစွာ ဆုံးရှုံးဖို့ရှိနေ


Kylie Cosmetics ကို အင်တာနက်အသုံးပြုသူတွေ ဝင်ရောက်ကြည့်ရှုမှု ၈၀% လောက်လျော့နည်းသွားခဲ့တာကြောင့် Kylie Jenner အနေနဲ့ သန်းပေါင်းများစွာ ဆုံးရှုံးဖို့ရှိနေ

Kylie Jenner ဟာဆိုရင် ကမ္ဘာကျော်အလှကုန်ပစ္စည်းကုမ္ပဏီ Kylie Cosmetic ကြောင့် လူသိများသူဖြစ်ပါတယ်။ ကြယ်ပွင့်ဖြစ်သူဟာ ဒီအလှကုန်ပစ္စည်းတွေကို ပရိသတ်တွေထံ ရောင်းချပြီး သန်းပေါင်းများစွာ အမြတ်ရရှိနေသူပါ။


သူဟာ Instagram ကနေ ဒီကုန်ပစ္စည်းကြော်ငြာမှုတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ သူ(မ)ရဲ့ပရိသတ်တွေကို စတင်ရောင်းချရင်း စတင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဟာဆိုရင် ကမ္ဘာအနှံ့မှာ ကျော်ကြားခဲ့ပါတယ်။။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီကျော်ကြားမှုဟာ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါပြီ။


Kylie Jenner ကို Forbes မဂ္ဂဇင်းအနေနဲ့ အခွန်စာရွက်အတုတွေ ပြုလုပ်ခဲ့တယ်လို့ စွဲဆိုထားခဲ့ပါသေးတယ်။


၂၀၁၉ ခုနှစ်မှာ “the youngest self-made billionaire” လို့ Forbes မှာအဖော်ပြခံရတဲ့ ကြယ်ပွင့်ဖြစ်သူကို လူအများကတော့ သူ(မ)ရဲ့မိသားစု၊ ဂုဏ်အရှိန်အဝါတွေကြောင့်သာ အခုလိုဖြစ်တည်နိုင်တာလို့ မှတ်ချက်ပြုခဲ့ကြပါသေးတယ်။


အဲ့နောက်မှာတော့ Forbes ဟာ ကြယ်ပွင့်ဖြစ်သူကို အရငွေတွေ လိမ်လည်ပြီး အောင်မြင်မှုကို ချဲ့ကားပြောဆိုခဲ့တဲ့အတွက် သူတို့ရဲ့ ဖော်ပြထားမှုကို ပြန်လည်ရုတ်သိမ်းခဲ့ပါသေးတယ်။ Forbes အနေနဲ့ “Kylie ရဲ့စီးပွားရေးဟာ သူပြောတာထက် ပိုမိုသေးငယ်ပြီး အမြတ်ငွေဟာလည်း အသေးစားသာရရှိတာပါ။”လို့ ထုတ်ပြန်ခဲ့ပါတယ်။


ဒါပေမယ့် ကြယ်ပွင့်ဖြစ်သူကတော့ ဒီလိုဝေဖန်ပြောဆိုမှုကို “ကျွန်မအနေနဲ့ လက်ရှိအချိန်မှာ ဝင်ငွေဘယ်လောက်ရကြောင်း ထိုင်တွက်နေတာထက် ပိုအရေးပါတဲ့ အရာပေါင်း အခု (၁၀၀) လောက်ကို ရေတွက်ပြလို့ရတယ်။”လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။




သူ(မ)ရဲ့စီးပွားရေးလုပ်ငန်းတွေဟာ အတိတ်နှစ်တွေတုန်းက လူအများရဲ့စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ခြင်းမရှိသလို အချိန်ကြာလာလေ၊ အမေ့ခံထုတ်ကုန်တစ်ခုလို ပိုဖြစ်လာပါတော့တယ်။ ဒါ့ကြောင့် Rihanna၊ Selena Gomez နဲ့ Millie Bobby Brown တို့လိုလူတွေနဲ့ ကိုယ်ပိုင်စီးပွားရေးပိုင်းမှာ ယှဉ်လို့မရပဲ နောက်ကောက်ကျနေခဲ့တာပါ။ ဒါ့အပြင် Kylie Jenner ရဲ့ လူထုပုံရိပ်ကျဆင်းလာတာဟာလည်း သူ(မ)ရဲ့ ကုန်ပစ္စည်း၊ စီးပွားရေးပိုင်းကို ထိခိုက်စေခဲ့တာဖြစ်ပါတယ်။




ဒီလိုဖြစ်ရပ်တွေရဲ့ အကျိုးဆက်ကြောင့် အခုဆို သူ(မ)ရဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူဖို့ ရှာဖွေကျတဲ့ ဈေးဝယ်သူတွေဟာ ၈၀% လောက် လျော့ကျသွားကြောင်း သိရပါတယ်။ မကြာသေးခင်ကဆိုရင် ကြယ်ပွင့်ဖြစ်သူကို ‘Climate criminal လို့ သမုတ်ထားကြပြီး သူ(မ)ရဲ့ ကုန်ပစ္စည်းတွေဟာ ဘေးမသင့်အောင် လိုက်နာရမယ့် အချက်တွေကို မလိုက်နာလို့ အခုလိုအမည်နဲ့ ဖော်ပြခဲ့ကြတာပါ။ ဒီအချက်ကလည်း သူ(မ)ရဲ့ Brand အပေါ် လူအများယုံကြည်မှု လျော့ကျသွားစေခဲ့ပါတယ်။


>