မဟာဗောဓိမြိုင်ဆရာတော်ဘုရား ဟောပြောတော်မူတဲ့ ဆုတ်ခေတ် ( တဖြည်းဖြည်းရင်း ဆုတ်ယုတ်လာမယ့် ခေတ် )


မဟာဗောဓိမြိုင်ဆရာတော်ဘုရား ဟောပြောတော်မူတဲ့ ဆုတ်ခေတ် ( တဖြည်းဖြည်းရင်း ဆုတ်ယုတ်လာမယ့် ခေတ် )

မဟာဗောဓိမြိုင်ဆရာတော်ဘုရား ဟောပြောတော်မူတဲ့ ဆုတ်ခေတ် ( တဖြည်းဖြည်းရင်း ဆုတ်ယုတ်လာမယ့် ခေတ် )


ဆုတ်ခေတ်


ခုလူတွေ ရှေးကနဲ့စာရင်တော်တော် ရိုင်းလာတယ်၊တော်တော် ဆိုးလာတယ်၊


သို့သော် နောက်လာမယ့် လူတွေနဲ့စာရင်ဒါတွေ တော်တော် တော်တယ်နော်။


နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုး၊ခုလို ပတ်ဝန်းကျင်မျိုး မဟုတ်တော့ဘူးဗျ။


ဆုတ်ခေတ်၊နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ့ ဒီထက်ဆုတ်မယ်။တက်လိမ့်မယ်မထင်နဲ့။


ဆုတ်ခေတ်၊ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊တလိမ့်လိမ့်ဆုတ်နေတာ။ များများမဟုတ်ဘူး၊


နောက်ထပ် နှစ်ဆယ်လောက် ဆက်နေကြည့်၊အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ့်မယ်။


တစ်ဘဝနဲ့ပြီးမှာ မဟုတ်ဘူးနော်၊ပြီးတော့ ကျင့်နည်းကလည်းသာသနာနဲ့ကြုံမှ၊ တို့က သာသနာရှိနေတုန်း


တခြားရောက်နေရင် ဒီနည်းသည် တို့နဲ့ မဆိုင်၊သာသနာ တို့နဲ့ မဆိုင်ဖြစ်သွားမယ်နော်။


အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုးတစ်ဖက်သတ်အကျင့်နဲ့ရောက်သွားရင်လည်းတို့သာသနာနဲ့ လွဲမှာနော်၊


သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။


နောက်တစ်ခါ လူလာဖြစ်သာသနာကြုံဖို့ တော်တော်ခက်မယ်။ကြုံတယ်ပဲထား၊ ကြိုက်ဦးမှဗျ။


စာအဆိုက မြေဆီက အနှစ်တစ်ရာမှာတစ်လက်မ တစ်လက်မလျော့တာကိုး၊


မြေဆီမှီ၍ အစာဖြစ်ရတာ၊ ဘာလို့လျော့တုန်း၊ဥတုကလည်း အအေးပိုင်းကနေအပူဘက် ကူးနေတာ၊


နောက်တစ်ခါ လူလာဖြစ်ရင်ကိုယ်ပဋိသန္ဓေနေရမယ့် အမေ၊ အဖေကလည်းရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ် သေးသေးနေမှာ။


အဲဒီထဲကို လူလာဖြစ်ရတော့တို့ ရုပ်ဓါတ် စိတ်ဓါတ်လည်းခုလောက်ကို ရှိမှာမဟုတ်တော့ဘူး။


ဥတုပူရင် အာဟာရ ပူမှာပေါ့၊အာဟာရပူရင် စားရတဲ့ရုပ်ကလည်းလှီလာမယ်၊ စိတ်ကလည်း သေးလာမယ်။


အဲတော့ ကောင်းတာလည်း ခံနိုင်စိတ်မရှိတော့ဘူး၊ဆိုးတာလည်း ခံနိုင်စိတ်မရှိတော့ဘူး။


တို့တရားအားထုတ်တဲ့ပုဂ္ဂိုလ်ကကောင်းကောင်းဆိုးဆိုး သိချင်တာတစိုက်မတ်မတ် ကြည့်ရတာလေ။


အဲတော့ တို့ ဟိုကျတော့ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။


အဲတော့ ဥတုပူရင် အဆီဆုတ်မှာပေါ့၊အဆီဆုတ်ရင် အစာကြမ်းမယ်၊


စားတဲ့အစာ ကြမ်းရင်အကြောအချဉ်တွေ မာကြောလာတယ်၊


အကျိတ်အဖုတွေ ကြီးထွားလာတယ်၊ဒါကြောင့်မို့ စိတ်တွေက ထန်လာတယ်။


ရုပ်ဓါတ်လည်း မခံနိုင်တော့စိတ်ဓါတ်လည်း မခံနိုင်ဘူး လောကဓံကို


အဲတော့ အကြိုက်တွေ့လည်းဆွေ့ဆွေ့ခုန် ဘာဖြစ်ဖြစ်ပဲ၊အမုန်းတွေလည်း ဆွေ့ဆွေ့ခုန် ဘာဖြစ်ဖြစ်ပဲ။


အဘိဇ္ဈာဆိုတဲ့ အလိုကြီးမှု အားကြီးလာပြီ။ဗျာပါဒ အားမလို


အားမရစိတ် အားကြီးလာပြီ။ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။


အဲတော့ ဥတုပူလို့ အစာပူတယ်၊အစာပူလို့ ရုပ်ပူတယ်၊ရုပ်ပူလို့ စိတ်ပူတယ်၊စိတ်ပူတော့ ကံပူတွေ လုပ်မှာပေါ့။


ကံနဲ့ စိတ်နဲ့ ခပ်ပူပူလုပ်တော့ဥတုကလည်း ပိုပူမှာပေါ့။တိုးတက်ဖို့ မြင်သေးသလား။လူ့ဘုံ ပြန်လာချင်သေးသလား။


အဲတော့ နောက်တစ်ခါ လူလာဖြစ်ရင်ဒီအခွင့်အရေး ဘာမှမရှိဘူး၊ဒီပတ်ဝန်းကျင်မျိုး ဘာမှမရှိဘူး။


ကိုယ့်ကိုယ်ကိုလည်းခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။


အဲတော့ တို့ ဘာလုပ်ရမလဲ။ကျင့်ပုံ ကျင့်နည်း ဘုရားဟောတရားတွေကလည်း အဆင်သင့်၊


နည်းပေးလမ်းပြလုပ်မယ့်သံဃာတော်တွေကလည်း အဆင့်သင့်၊ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။


တို့ထဲက ဒကာ၊ ဒကာမတွေကဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။


လူ့ဘဝရောက်တုန်း၊သာသနာလည်း ပွင့်တုန်း၊တရားပြပေးမယ့်သူ ရှိတုန်း၊ကျန်းမာရေးလည်း ကောင်းတုန်း၊


ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီးအိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင်ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ။ ။


မဟာဗောဓိမြိုင်ဆရာတော်ဘုရား


Credit