”ပြည်တွင်းမှာဆန်ကလိုတာထက် ပိုနေ”ဟုပြောနေချိန် ဈေးကွက်အတွင်း ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၅၀၀၀၀ ကျော်အထိမြင့်လာ


”ပြည်တွင်းမှာဆန်ကလိုတာထက် ပိုနေ”ဟုပြောနေချိန် ဈေးကွက်အတွင်း ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၅၀၀၀၀ ကျော်အထိမြင့်လာ

ပြည်တွင်းမှာ ဆန် တန်ချိန် ၁၂ သန်းကျော်ရှိပြီး ပိုတောင် ပိုနေသေးဆိုပြီး စစ်ကောင်စီရဲ့ စီးပွား/ကူးသန်း ဒုဝန်ကြီးကပြောပါတယ်။



စီးပွား/ကူးသန်းဒုဝန်ကြီးဦးညွန့်အောင်က “အခုနှစ် ဩဂုတ်လကုန်ထိဆိုရင် ပြည်တွင်း ဆန်လက်ကျန်မှာ တန်ချိန် ၃ သန်းကျော်ရှိပြီး အဲဒီလက်ကျန်ဆန်တွေဟာ



စက်တင်ဘာလကနေ ဒီဇင်ဘာလထိ ၄လစာ ပြည်တွင်း စားသုံးဖို့ လိုအပ်ချက်ပမာဏနဲ့ ဖူလုံမှု ရှိတယ်” ဆိုပြီးတော့ပြောတာပါ။



ပြည်တွင်းမှာ ဆန်ကဖူလုံပြီး လက်ကျန် ဆန်တွေလည်းရှိနေတယ်လို့ဝန်ကြီးဌာနက ပြောနေသော်လည်းဈေးကွက်အတွင်းမှာတော့ ဆန်ဈေးက အကျဘက်မရှိ



စက်ဆုံးဆီ၊ ဒေါ်လာနဲ့ ရွှေဈေးတို့အပြိုင် တက်ဆဲ တက်မြဲလို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။



ဆန်ဆိုင်လုပ်ငန်းရှင်တစ်ဦးက “ ရွှေဘို ဆန်စျေး ကစံချိန်သစ်တင်ပြီးတာ့ကိုတက်နေတာ။ အခုအောက်ဆုံးက ဆန်ကြမ်းစျေး တွေက အားကျမခံ အမီလိုက်ထိုးတက်နေတယ်။



အခု ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၅၀၀၀၀ ကျော်နေပြီ။ ကျန်တာတော့ မပြောချင်တော့ပါဘူး” လို့ လက်ရှိ ဆန်ဈေးကွက်ကို အခြေအနေကိုပြောပါတယ်။



လက်ရှိ ပြည်တွင်း ဆန်လက်ကျန် အခြေအနေမှာ မိုးစပါးသစ် မထွက်ပါ်မီအချိန်ထိ ဖူလုံ ပိုလျှံတဲ့အပြင် ပြည်တွင်း စားသုံးမှုအတွက် ဆန်လက်ကျန်ဖူလုံမှု ရှိတယ်လို့ပြောပြီး



ပြည်ပကို ဆန်တင်ပို့မှု ဆက်လက်ရောင်းချသော်လည်း ပြည်တွင်း စားသုံးမှု အတွက်လည်း စိုးရိမ်စရာ မရှိဘူးလို့ ဒုဝန်ကြီးဦးညွန့်အောင်က ပြောပါတယ်။



ယင်း က “ မနှစ်က မိုးစပါး နဲ့ နွေစပါး ထွက်ရှိမှုကနေ ဆန်တန်ချိန်ပေါင်း ၁၃ သန်းကျော်ရှိပြီး အလေအလွင့် နုတ်ပယ်မယ်ဆိုရင် အသားတင် ပိုလျှံမှု ဆန်တန်ချိန် ၁၂ သန်းကျော် ရှိတယ်။



ပြည်တွင်းရှိ လူဦးရေ ၅၅ သန်း စားသုံးဖို့ လိုအပ်ချက်က ဆန်တန်ချိန် ၉ သန်းကျော် ဖြစ်တဲ့အတွက် ပြည်ပ တင်ပို့နိုင်မှုကတော့ ဆန်တန်ချိန် ၂ သန်းကျော် ဖြစ်တယ်” လို့ယင်းက ထပ်ပြောပါတယ်။


>