အမေ့အိမ်ကို သားရဟန်းပြန်လာကြည့်မြင်ကွင်းကတော့ ဒါလေးသာတရားနဲ့သာဖြေစရာ ရှိတော့တာ


အမေ့အိမ်ကို သားရဟန်းပြန်လာကြည့်မြင်ကွင်းကတော့ ဒါလေးသာတရားနဲ့သာဖြေစရာ ရှိတော့တာ

ပျော်ရွင်ခြင်းတွေနဲ့ ​ပြည့်စုံခဲ့တဲ့ အိမ်..။ ရယ်မောခြင်းတွေနဲ့ တည်ရှိခဲ့တဲ့ အိမ်..။ငြိမ်းချမ်းမှုတွေ ပေးခဲ့တဲ့ အိမ်..။ မိုးဒဏ် လေဒဏ်ကို အန်တုလို့ အေးချမ်းမှုကိုပေးခဲ့တဲ့ အိမ်..။အသိုက်စုံလင်စွာနဲ့ လက်ရေတပြင်ကြီး တူတူလွေးခဲ့ကြတဲ့အိမ်…။


သူတို့သားကြီးကြွလာရင် မရှိ၊ ရှိတာလေးနဲ့ ချက်ကပ်နေတဲ့အိမ်..။ သူ့သားကြီးကို ကြည့်လို့မဝတဲ့မျက်နှာအစုံနဲ့ ကြည့်နေတဲ့ မိဘအိမ်..။အိမ်.. အိမ်.. အိမ်တဲ့..။ အခုတော့ နားခိုစရာမရှိတဲ့ ငှက်ပမာ တောင်ပြေးလိုက်.. မြောက်ပြေးလိုက်ရနဲ့..။ ဟိုကကျွေးတာစားလိုက်.. ဒီကပေးတာနဲ့ နေလိုက်နဲ့. ကျီးလန့်စာ စားနေရပြီး ဘဝကိုရုန်းနေကြရတဲ့ဘဝတွေ..။ နေရေးထက် ရှင်ရေးကို ဦးစားပေးရတဲ့ဘဝတွေ..။


သူတို့ပြောဆိုကြတဲ့ ကြေကွဲဝမ်းနည်းဖွယ်စကားလုံးတွေကို ရင်ဘက်ကြီးနဲ့ခံစားပြီး နားထောင်ရင်း စို့တတ်လာတဲ့ မျက်ဝန်းထဲကအရည်ကို မမြင်စေချင်လို့ အားမာန်တင်းထားတဲ့ မျက်နှာအစုံပြရတာ ဘဝမှာ ရင်အနာရဆုံးပါပဲ။



ဘယ်လောက်ပဲ အသည်းမာတယ်ပဲပြောပြော မျက်ရည်တော့ ကျခွင့်ရှိတယ်မဟုတ်လား..။