ခင်ပွန်းဆုံးပါးခဲ့တာ တစ်နှစ်ပြည့်တဲ့ ကာလတွင်းမှာ စိတ်အားတင်းကာ ဖြတ်သန်းခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း


ခင်ပွန်းဆုံးပါးခဲ့တာ တစ်နှစ်ပြည့်တဲ့ ကာလတွင်းမှာ စိတ်အားတင်းကာ ဖြတ်သန်းခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း သီဆိုပြီး အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။


နန်းမြတ်ဖြိုးသင်းက သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ အမူအရာများနဲ့ ပရိတ်သတ်ကို ညှိယူဖမ်းစားထားသူတစ်ဦးဖြစ်ပါတယ်။သူမက အနုပညာလှုပ်ရှားမှုများစွာကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့လည်း သူမကို အိမ်ထောင်ကျသွားသည့်တိုင် အဆက်မပြတ် ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။


နန်းမြတ်ရဲ့ အမျိုးသားဖြစ်သူ ကိုတာတာမျိုးဟာ မနှစ်ကဆုံးပါးခဲ့တာဖြစ်လို့ တစ်နှစ်တိတိပြည့်သွားခဲ့ပါပြီ။နန်းမြတ်က ရုတ်တရက် ခွဲခွာသွားတဲ့ ခင်ပွန်းအတွက်လည်း ခုချိန်အထိ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေရတာပါ ။ ခင်ပွန်းဖြစ်သူ လောကကြီးမှာ မရှိတော့ပေမယ့်လည်း သားနဲ့သမီးကိုအစစအရာရာ ဂရုစိုက်ရင်း နေထိုင်သွားလျက်ရှိပါတယ် ။




ခင်ပွန်းဖြစ်သူဆုံးပါးခဲ့ပြီးနောက် လစဉ်တိုင်း ကောင်းမှုကုသိုလ်များပြုပေးခဲ့သူဖြစ်ပါတယ်။မနေ့က တစ်နှစ်ပြည့်နေ့လေးမှာလည်း ခင်ပွန်းဖြစ်သူအားရည်စူးပြီးကုသိုလ်ပြုပေးခဲ့ပါသေးတယ်။




ယခုတစ်ခါမှာတော့ နန်းမြတ်က ” တနှစ်ပြည့်ပီလေ အမှန်အတိုင်းပြောရရင် မရှိတော့ဘူးဆိုတာကြီးကိုမေ့ထားတာ သူရှိနေသလိုလေးဖြတ်သန်းဖြစ်တယ် စိတ်ကိုမအားအောင်နေတယ်ရဘဝမှာရုတ်တရက်အားကိုးမဲ့သွားသလိုခံစားချက်ကပင်ပန်းပါတယ် ကလေးနှစ်ယောက်အတွက်အကောင်းဆုံးရပ်တည်ရမယ်ဆိုတဲ့စိတ်ကြောင့်သာတည့်မတ်နိုင်တာ တခါတလေတော့လဲကိုယ့်ကိုကိုယ်လိမ်ထားရတာကောင်းတယ် အားလုံးလဲအပူကိုယ်စီနဲ့မို့အထွေအထူးတွေပြောပြမနေချင်တော့ပါဘူး ဒီရက်လေးတွေကတော့ပိုလွမ်းရတာမို့တင်လိုက်တာပါ အားလုံးပဲချစ်တဲ့သူနဲ့အတူရှိချိန်ပျော်ရွှင်ကြပါစေ” ဆိုတဲ့ စကားလေးနှင့်အတူ ခင်ပွန်းဖြစ်သူရဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုတင်ထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။


Photo – Nann Myat Phyo Thinn


>