ကိုယ့်စေတနာကိုနားမလည်တဲ့ လူလိုမသိတတ်တဲ့ လူတစ်ချို့ကို ဒဲ့ရှင်းမယ့် ကိုပေါက်


ကိုယ့်စေတနာကိုနားမလည်တဲ့ လူလိုမသိတတ်တဲ့ လူတစ်ချို့ကို ဒဲ့ရှင်းမယ့် ကိုပေါက်

New state စာဖတ်ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ မြန်မာပြည်သူတွေနဲ့အတူ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ အနုပညာရှင်၊သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။


ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ နေထိုင်နေရင်းနဲ့ တော်လှန်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားနေတာလဲ ဖြစ်ပါတယ်။ဒါအပြင် ပြည်သူတွေကိုလဲ သွေးမအေးစေဖို့အတွက်လဲ လူမူ့ကွန်ယက်ပေါ်ကနေတစ်ဆင့် နှိုးဆော်နေပါသေးတယ်နော်။ဒါရိုက်တာ ကိုပေါက် ဟာ တော်လှန်ရေးအောင်မြင်ဖို့အတွက် ပေးနိုင်သလောက် အကုန်ပေးဆပ်ခဲ့တယ်လို့ ရင်ဖွင့်လိုက်ပါတယ်။


” ကိုယ်သင်ယူတတ်မြောက်ခဲ့ရတဲ့ ပညာတွေကတွင်ခုံ၊ပန်းချီနဲ့ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ။ လွယ်လွယ်လေးရခဲ့တာ တစ်ခုမှမရှိခဲ့ဘူး။ ဆရာဆီက သင်ခန်းစာတစ်ခုတက်ဖို့ လ နဲ့ချီပြီးကြာခဲ့တယ်။ဆရာပေါင်းများစွာဆီမှာ ကျားကုတ်ကျားခဲ ကြိုးစားခဲ့တော့ နေရာတစ်ခုရလာခဲ့တယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို ဆရာတိုင်းသိတယ်။ဆယ်နှစ်ဆယ်နွေ စုဆောင်းသင်ယူခဲ့သမျှတွေကို စု တု ပြု ပြီး ပြည်သူအတွက်၊ကိုယ့်အရိပ်ကိုမှီခိုခဲ့ကြတဲ့ တပည့်တပမ်း လုပ်ဖော်ကိုင်ဖက်တွေအတွက် ဆရာစားမချန် သိခဲ့သလောက်တတ်ခဲ့သလောက်ပြန်ဝေမျှခဲ့တယ်ဆိုတာ


ကျနော့အရိပ်မှာ ကျနော့ရဲ့သစ်ပင်မှာနားခိုခဲ့သူ၊ကျနော့သစ်ပင်ရဲ့ အသီးအပွင့်တွေကို ပန်ဆင်စားသုံးခဲ့သူတွေ အကုန်သိရလိမ့်မယ်။တစ်ခါတစ်လေ အလကားပေးတော့ ပညာက တန်ဖိုးမရှ်ိသလိုဖြစ်တတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျနာ်က ရောက်ရာအရပ်မှာ သစ်စေ့လို ကျင့်ပါတယ်။ရောက်ရာအရပ် ကျတဲ့ရာသီမှာ ကိုယ်တိုင်အပင်ပေါက်နိုင်ဖို့ပါ။ဘယ်နေရာ ဘယ်ဘဝ ရောက်ရောက် ဘယ်အသက်အရွယ်ဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်စွမ်းကိုယ်စ ကိုယ့်အတတ်ပညာ


ကိုယ့်ခွန်အားနဲ့ရပ်တည်တယ်။ ကျရောက်လာတဲ့ လောကဓံ ကိုလည်း ဘယ်တုန်းကမှမမှုခဲ့ဘူး။ ကိုယ်က သူများဆီက ယူရမှာထက်ကိုယ်ကပဲ ပေးချင်တဲ့သူပါ။ကြုံဖူးတဲ့သူတွေဆီကနေ အခွင့်အရေးတွေ အများကြီးယူခဲ့ဖူးသလား။ ပေးခဲ့သလား။ ကြုံခဲ့ ဆုံခဲ့ဖူးသူတွေ သိပါလိမ့်မယ်။ခြုံငုံပြီးပြောရရင် ကျနော်သည် ရောက်ရာအရပ်မှာ ပေးဆပ်ခြင်းတွေနဲ့ ရပ်တည်နိုင်ဖို့ကြိုးစားတယ်။ အခု တော်လှန်ရေးအတွက်ပေးနိုင်သလောက်ပေးခဲ့တယ်။ ဘဝ


ငွေကြေး ပိုင်ဆိုင်မှုနဲ့ အနာဂတ်တွေ။နောက်ထပ်ဘာထပ်ပေးရအုံးမလဲ။ အဆင်သင့်ပါဘဲ။ စေတနာတွေကို လူလိုသိတတ်ဖို့လေးပဲ လိုချင်တယ်။ ဒီလောက်ပါပဲ”


လို့ ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။