သိန်း၃၉၀၀ ဘယ်မှာလဲဆိုတော့ ‘နင့်မေဂေါက်ဂတ်ထဲမှာလို့’ ပြန်ပြောဖိုဘဲရှိတယ် ဆိုတဲ့ ပန်ဆယ်လို


သိန်း၃၉၀၀ ဘယ်မှာလဲဆိုတော့ ‘နင့်မေဂေါက်ဂတ်ထဲမှာလို့’ ပြန်ပြောဖိုဘဲရှိတယ် ဆိုတဲ့ ပန်ဆယ်လို

သိန်း၃၉၀၀ ဘယ်မှာလဲဆိုတော့ ‘နင့်မေဂေါက်ဂတ်ထဲမှာလို့’ ပြန်ပြောဖိုဘဲရှိတယ် ဆိုတဲ့ ပန်ဆယ်လို


ဘောမတွေက ငစားနော်။ မန္တလေးက ကျောက်မျက်သူဌေးကို ဖမ်းတဲ့ကိစ္စမှာ သတင်းထုတ်ပြန်တဲ့အထဲ ကိုယ့်နာမည်ကြီး ပါလာမှ ဟဲ့.. ပလုတ်တုတ်၊ ပါပြန်ပဟ ငါ့နာမည်လို့ ထဖြစ်တာ။


သိန်း၃၉၀၀ ကိုယ့်ကို ထောက်ပို့တယ်တဲ့။ အင်းလေ…. ကိုယ့်ကို ထောက်ပို့ဖူးတဲ့အထဲမှာ ဒီသူဌေးပါကောင်းပါမှာပေါ့။ ကိုယ့်ကို ထောက်ပို့နေတဲ့အထဲမှာ ငွေအမောင့်များများ လစဉ်ပို့ကြတဲ့သူတွေထဲမှာ သူပါကောင်းလည်း ပါမှာပေါ့။ ဒါပေမယ့် ဘယ်သူဌေးကြီးက မပန်ဆယ်လိုရေ… ကျွန်တော်ကတော့ မန်းရွှေမြို့တော်အခြေစိုက် ဘယ်ကုမ္ပဏီကြီးရဲ့ သူဌေးပါလို့ ပြောမတုန်း။ ကိုယ်ကရော ကိုယ့်ဆီထောက်ပို့သူကို ရှင် ဘယ်သူတုန်းလို့ မေးမတုန်း။


ပြီးတော့ ဒါက စစ်ခွေးတွေ ဒီသူဌေးရဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိကျပြီး ပစ္စည်းတွေ သိမ်းချင်လို့ တမင်အကြောင်းရှာတာပဲ ဖြစ်ဖို့များတယ်။ ကိုယ့်ဆီတော့ ရော့… သိန်း၃၉၀၀ လို့ ပို့ဖူးသူ တစ်ယောက်မှ မရှိဘူး။


ထားပါ… ရယ်ချင်တာက ဘောမရပ်ကွက်က မမြင်ဖူး မတွေ့ဖူးလေးတွေက ဟာ… သိန်း၃၉၀၀ဟဆိုပြီး မျက်လုံးတွေ အရောင်ထွက်ပြီး စာရင်းလာစစ်ကြတော့တာပဲ။ ဘယ်မှာလဲသိန်း၃၉၀၀ တဲ့။


အမေးဇင်းနော်… ဒီလောက် ကြေညာပေးနေတာ။ တော်လှန်ရေးကာလတောက်လျှောက်မှာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာပေးခဲ့တာ အမေရိကန်ဒေါ်လာ ၆သန်းအောက်ထစ်ရှိပြီဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့တကွ တင်ပြထားပြီးသား။


ဘောမတွေက မြန်မာငွေတောင် တစ်နဲ့ တစ်ပေါင်းရင် ဒစ်လည်နေတဲ့ဟာတွေဆိုတော့ တွက်ပြဦးမယ်။ ဒေါ်လာ၆သန်းဆိုတာ မြန်မာငွေနဲ့တွက်ရင် ဘယ်လောက်လဲဆိုတော့….


ဒေါ်လာစျေး ၂၈၀၀တွေ ၃၀၀၀ တွေထားဦးကွာ။ ၂၅၀၀ နဲ့ပဲတွက်။ ဒေါ်လာတစ်သိန်းဆို သိန်း၂၅၀၀။ ဒေါ်လာတစ်သန်းဆို သိန်းနှစ်သောင်းခွဲ။ ဒေါ်လာခြောက်သန်းဆိုတော့ တစ်သိန်းခွဲကွာ။ ခြေရော လက်ရော ထောင်ပြီး ပေါင်းစမ်း။


သိန်းပေါင်း တစ်သိန်းခွဲ သက်သေသာဓကနဲ့တကွ ရှာပြထားသူကို မြန်မာငွေ သိန်း၃၉၀၀ ဘယ်မှာလဲဆိုတော့ နင်မေဂေါက်ဂတ်ထဲမှာလို့ ပြောလွှတ်ဖို့ပဲ ကျန်တော့တယ်။


ပြေးနှိုက်ကြပစေ… ဟုတ်တယ်။


>