ပုသိမ်မြို့ရဲ့လမ်းဘေးမှာရှိတဲ့ အိမ်နဲ့ အဆောက်အဦ တွေ ချက်ချင်းဖျက်ခိုင်း ၊မဖျက်ပေးရင် ဘူဒိုဇာနဲ့ထိုး ဖျက် မယ်ပြော


ပုသိမ်မြို့ရဲ့လမ်းဘေးမှာရှိတဲ့ အိမ်နဲ့ အဆောက်အဦ တွေ ချက်ချင်းဖျက်ခိုင်း ၊မဖျက်ပေးရင် ဘူဒိုဇာနဲ့ထိုး ဖျက် မယ်ပြော

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အဝင် လမ်းဘေးတွေမှာအခိုင်မာတည်ဆောက်နေထိုင်တဲ့ နေအိမ်တွေကို ကျူး ကျော်တွေလို့ဆိုပြီး စစ်ကောင်စီက ဖျက်ခိုင်းနေပြီး မဖျက်ပေးရင် ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်မယ်လို့ သတိပေးလာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။


”ဒီလမ်းရဲ့ဘေးမှာနေလာတာမှကြာပါပြီ အခုမှ လာဖျက်ခိုင်းတာ စာလာပို့သွားတာ ၊ သတိပေးစာ ရဲတွေနဲ့ စစ်သားတွေလာပို့တာ ၊ပါးစပ်ကလည်းပြော တယ်၊ လာဖျက်ခိုင်းတော့လည်း ချက်ချင်းဖျက်ပေးပါတဲ့ ၊


မဖျက်ပေးရင် ဘူဒိုဇာနဲ့လာထိုးဖျက်ရလိမ့်မယ်တဲ့ ၊ချက်ချင်းကြီးဆိုတော့ ဖျက်ပေးလို့ဘယ်လို့ ဖျက်ရမလဲမတတ်သာလို့ ဒီအတိုင်းဘဲထိုင်နေတယ်။လာဖျက်တော့လည်း ဘာတတ်နိုင်မလဲ ကျွန်မတို့က အင်အားနည်းတာကို။”လို့ဒေသခံတစ်ဦး ကပြောပါတယ်။


ပုသိမ်မြို့အဝင်အထွက် နေရာမှာ အခိုင်အမာအဆောက် အဦး စုစုပေါင်း ၆၀၀၀ ကျော်အထိရှိနေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ထဲကနေထိုင်လာသူတွေဖြစ်တယ် လို့သိရပြီး



ကုန်ခြောက်ရောင်းတာ ၊ လဖတ်ရည်ရောင်း တာ ၊ စားသောက်ဆိုင်ရောင်းတာ ၊ ဓာတ်ဆီရောင်းတာ ၊ မုန့်ဟင်းခါး ရောင်းတာနဲ့ ကွမ်းယာရောင်းတာတွေကိုလုပ်ကိုင်စားသောက်နေကြတာလို့သိရပါတယ်



”အဲ့နေရာမှာနေပြီး လုပ်ကိုင် စားသောက်နေတာပါ ၊မြို့နဲ့ အရမ်းနီးတော့ အလုပ်လေးအဆင်ပြေတာရယ် နေစရာမြေမရှိတာကြောင့် နေ နေရတာပါ ၊ ဒီနှစ်အလုပ် တွေက သိပ်အဆင်မပြေတဲ့အပြင်



အခုလို့အိမ်တွေကို အားချင်းလာဖျက်ခိုင်းတော့ ခေါင်းမီးတောက်နေတယ် ၊ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး ”လို့ဒေသခံတစ်ဦး ကပြောပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင် ပထမ အပတ်ကလည်း ပုသိမ်နဲ့ မုံရွာလမ်း ဘေးကအိမ်တွေနဲ့ အဆောက်အဦးတွေကိုဖျက်ခိုင်းခဲ့ပြီး မဖျက်ရင်ဘူဒိုဇာနဲ့ထိုးဖျက်မယ်လို့ခြိမ်းခြောက်ပြောဆိုခဲ့ လို့ဖျက်ပေးခဲ့ရသေးတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။


>