အာရှတွင် သန်းကြွယ်သူဌေး အများဆုံးနိုင်ငံ ဖြစ်လာတော့မည့် ” စင်ကာပူ ”


အာရှတွင် သန်းကြွယ်သူဌေး အများဆုံးနိုင်ငံ ဖြစ်လာတော့မည့် ” စင်ကာပူ ”

လာမည့်8နှစ်အတွင်း စင်ကာပူရှိသန်းကြွယ်သူဌေး လူဦးျရအရ အချိုးအစားသည်အမေရိကန်၊တရုတ်၊ အာရှ-ပစိဖိတ်ဒေသရှိအခြားနိုင်ငံစီးပွားရေးတစ်ရပ်ရပ်ထက်ပိုမိုများပြားလာမည်ဟု



HSBC ဘဏ်၏ The Rise Of Asian Wealth အစီရင်ခံစာတွင်ဖော်ပြထားသည်။စင်ကာပူသည်၂၀၃၀ ခုနှစ်တွင်အမေရိကန်၊ တရုတ်နှင့် နှိုင်းယှဉ်ပါက လူဦးရေအရ သန်းကြွယ်သူဌေး ပိုများ‌နေမည်ဟု HSBC က ဆိုသည်။


၂၀၂၁ ခုနှစ်တွင် အရွယ်ရောက်ပြီးသူဦးရေ၏ ၇.၅ ရာခိုင်နှုန်းသည် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ သန်းကြွယ်ဝသည့်သူများ ဖြစ်ကြသည်။ထိုရာခိုင်နှုန်းသည် ၂၀၂၅ တွင် ၉.၈% ဖြစ်လာမည်။ ၂၀၃၀ တွင် ၁၃.၄% သို့ ရေ‌ာက်ရှိမည်။



HSBC ၏ လေ့လာမှုတွင် နေထိုင်သူ လူဦးရေကို နိုင်ငံသား လူဦးရေအပြင် နိုင်ငံသား မဟုတ်သော်လည်း အမြဲတမ်းနေထိုင်သူများ permanent residents လည်း အကျုံးဝင်ပါသည်။



ချမ်းသာကြွယ်ဝမှုကို ဘဏ်တွင် အပ်နှံထားသည့် ငွေသားပမာဏ၊ စတော့ရှယ်ယာများနှင့် ငွေချေးစာချုပ်များ အစရှိသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုများဖြင့် တိုင်းတာပါသည်။


အိမ်ရာပိုင်ဆိုင်မှုတွင် ချေးငွေအတွက် အပေါက်အာမခံ ထားရှိသည်တို့ကို နုတ်ပယ်ပြီး တွက်ချက်ပါသည်။အာရှတွင်လူဦးရေအရ သန်းကြွယ်သူဌေး ရာခိုင်နှုန်း အများဆုံး နိုင်ငံများကို ကြည့်လျှင်



စင်ကာပူသည် ဩစတြေးလျနိုင်ငံပြီးလျှင် ဒုတိယမြောက်ဖြစ်နေပြီဖြစ်သည်။ဩစတြေးလျနိုင်ငံတွင် လူဦးရေအရ သန်းကြွယ်သူဌေးများ အရေအတွက် အချိုးအစား ရာခိုင်နှုန်းမှာ ၂၀၂၁ ခုနှစ်တွင် ၈ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု HSBC ဘဏ်က ဆိုသည်။



HSBC ၏ အာရှ စီးပွားအရာရှိချုပ် Mr Frederic Neumann က အာရှဒေသတွင်းမှာ ငွေလုံးငွေရင်း စုဆောင်းထားရှိမှု အားကောင်းသဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက် မတည်ငြိမ်သည်ကို ခံနိုင်ရည် ရှိကြောင်း၊



ငွေဖောင်းပွမှုနှင့် စီးပွားရေးများ ကြီးထွားနှုန်း နှေးသည်ကိုလည်း တောင့်ခံနိုင်လိမ့်မည်ဟု ပြောကြားသည်။”အာရှရဲ့ ကြီးထွားနေတဲ့ ကြွယ်ဝမှုရဲ့ တာဝန်က လူမှုရေးအရင်းအမြစ်များပေါ်မှာလည်း အလင်းတောက်ပပါတယ်။



ကမ္ဘာ့ငွေကြေး အကျပ်အတည်း နောက်ပိုင်း နှစ်များတွင် ဒေသတွင်း ကြွယ်ဝမှု၏ ထက်ဝက်ကျော်သည် ဂျပန်နိုင်ငံတွင် ဖြစ်ပြီး ၂၀၂၁ ရောက်ရှိချိန်တွင် တရုတ်နိုင်ငံက ၄၆% အထိ မြင့်တက်လာပြီး ဂျပန်သည် ၂၅% သို့ လျော့ကျသွားသည်။



ဂျပန်ကို ဖယ်ထားလိုက်လျှင် အာရှကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ ၁၀၀ ထရီလီယံ ဝန်းကျင်ရှိမည်ဖြစ်ရာအမေရိကန်နှင့် မတိမ်းမယိမ်း ဖြစ်သည်။



ဂျပန်ကို ထည့်သွင်းတွက်ချက်ခြင်းမပြုလျှင်လည်း၂၀၂၅တွင်အမေရိကန်ထက်သာလွန်သွားမည်ဟု Mr Neumann က အစီရင်ခံစာတွင် ဆိုထားသည်။



အာရှရှိ သန်းကြွယ်သူဌေး ဦးရေသည် ဂျပန်ကိုထည့်မတွက်ပါက ယခုအခါ ဦးရေသန်း ၃၀ဝန်းကျင် ရှိသည်။ ၂၀၃၀တွင် ဦးရေ၇၆ သန်း ကျော်သည်အထိရှိလာမည်ဟု Mr Neumannကဆိုပါသည်။