အရေးတော်ပုံမအောင်မချင်း အိမ်ပြန်ဖြစ်တော့မှာမဟုတ်ဘူးလို့ ကတိပြုသစ္စာပြုလိုက်တဲ့ မင်းသမီး ပိုင်ဖြိုးသု


အရေးတော်ပုံမအောင်မချင်း အိမ်ပြန်ဖြစ်တော့မှာမဟုတ်ဘူးလို့ ကတိပြုသစ္စာပြုလိုက်တဲ့ မင်းသမီး ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ မြန်မာ့အနုပညာလောကတွင် အောင်မြင်ကျော်ကြားပြီးတော့ ‌ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသု ကို အားလုံးပဲသိကြမယ်ထင်ပါတယ်။


သူမဟာဆိုရင်တော့ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ” သရဲမ၊ဘီလူးမ နှင့် မိန်းမပျို ” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလဲ ဖြစ်ပါတယ်။ သူမဟာ အပြုံးချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိပြီး ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှု ကို အခိုင်အမာရရှိထားသော မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။


April 5 ရက်နေ့ဟာ မင်းသမီးချောလေး ပိုင်ဖြိုးသု ရဲ့ ၃၂ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ “၃၂ နှစ်ပြည့်သွားပြီ…..မြန်မာအယူနဲ့ဆိုရင် “၃၃”ထဲ‌ဝင်သွားပြီပေါ့…. အပူးဂဏန်းတွေမှာ ကံအရမ်းဆိုးတတ်တယ် ဆိုတဲ့အစွဲလမ်းတစ်ခုသုသုမှာရှိတယ်….

သုသု၂၁နှစ်ပြည့်ပြီး၂၂နှစ်ထဲမှာ သုသုအစ်မကြီးဆုံးသွားတဲ့အချိန်ကစလို့ပေါ့….အခု၃၃နှစ်ထဲမှာ ဘာတွေဆက်ဖြစ်ဦးမလဲတော့မသိဘူး….ဘာတွေဘယ်လိုဖြစ်ဖြစ် “ဝရမ်းပြေး” တံဆိပ်ကပ်ခံထားရတဲ့အချိန်မှာတောင် ချစ်ပေးခင်ပေးကြတဲ့သူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်…


အခုချိန်ထိ ပိုင်ဖြိုးသုကို boycott မလုပ်လိုက်ကြပဲ ည၁၂နာရီကစလို့တစ်နေကုန် birthday wish လုပ်ပေးနေကြသူအားလုံးကို တကယ်ကျေးဇူးတင်ပါတယ်….wall postတွေ messageတွေတိုင်းကိုreply မလုပ်တာကိုလည်းနားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်။ I just don’t wanna cause any trouble to those who I loveသေချာတာကတော့ အရေးတော်ပုံမအောင်မချင်းသုသုအိမ်ပြန်ဖြစ်တော့မှာမဟုတ်ဘူး…


ကိုယ့်မိသားစု ကိုယ်မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်းတွေ့ခွင့်ရတော့မှာမဟုတ်ဘူး….အားလုံးကိုသတိရပါတယ်….အိမ်လွမ်းပြီး အိမ်ပြန်ချင်တဲ့စိတ်နဲ့ပဲ မွေးနေ့ကိုဖြတ်သန်းရတာနှစ်နှစ်ရှိသွားပြီ….တစ်ချိန်ချိန်တော့ ကိုယ့်အိမ် ကိုယ့်မိသားစု ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ မွေးနေ့ကိုဖြတ်သန်းခွင့်ပြန်ရချင်ပါတယ်…..”


လို့ ရေးသားထားပါတယ်။ပရိသတ်ကြီးရေ ပိုင်ဖြိုးသု ဟာ အရေးတော်ပုံမအောင်မချင်း အိမ်ပြန်ဖြစ်တော့မှာမဟုတ်ဘူးလို့ ကတိပြုလိုက်ပါတယ်။ သက်ရှည်ကျန်းမာပြီး ဘေးကင်းပါစေ သုသုရေ ..

Credit


>