တစ်ဖက်မှာမိသားစု ဘ၀လေးကိုလည်းတည်ဆောက်ရင်း တော်လှန်ရေးအတွက်လည်းပိုကြိုးစားမယ်လို့ကတိပေးလိုက်တဲ့ ချမ်းချမ်း


တစ်ဖက်မှာမိသားစု ဘ၀လေးကိုလည်းတည်ဆောက်ရင်း တော်လှန်ရေးအတွက်လည်းပိုကြိုးစားမယ်လို့ကတိပေးလိုက်တဲ့ ချမ်းချမ်း

အိမ်ပြေးဘဝရောက်နေတဲ့ သူမတို့သားအမိကို ပြည့်စုံအောင်ထားပေးတဲ့ ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်စကားတင်ကြောင်းပြောလာတဲ့ ချမ်းချမ်း



ချစ်ပရိသတ်ကြီးရေ ချမ်းချမ်းဆိုတာနဲ့ပရိသတ်တွေချစ်ရတဲ့နိုင်ငံကျော်အဆိုတော်တစ်ယောက်ပါ..။ ခုမှာတော့နိုင်ငံခြားမှာသမီးလေးနဲ့တူတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။



သူတို့မိသားစုလေးကိုကြည့်ပြီးပရိသတ်တွေကြည်နူးနေရတာပါ။ချမ်းချမ်းဟာ ပရိသတ်တွေကို မကြာသေးခင်ရက်ပိုင်းလောက်က ဝမ်းသာစရာသတင်းတစ်ခု ဝေမျှပေးခဲ့ပါတယ်။ ဒါကတော့ သူမရဲ့သမီးကြီး အီတလီနိုင်ငံသို့ အခက်အခဲတွေကြားက ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ချမ်းချမ်း ကတော့ နှစ်အတော်ကြာခွဲနေရတဲ့ သမီးလေးနဲ့ ပြန်ဆုံခွင့်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်နေတာ ဖြစ်ပါတယ်…။



ချမ်းချမ်း က “Home sweet home with the rainbow သမီးလေးတွေနဲ့ နွေးထွေးတဲ့ အိမ်လေးကိုဖန်တီးပေးတဲ့ ဖေဖေ့ကို ကျေးဇူးတင်ပါတယ်။ အိမ်ပြေးဘဝနဲ့ နေရာပျောက်နေတဲ့ ကျမနဲ့သမီးကညီးကိာရော ပီလာလေးကိုပါ ပျော်ရွှင်အောင် ပြည့်စုံအောင် ပျော်ရွှင်အောင်ထားတဲ့ဖေဖေ။ တခါတရံ ဘာမှမပိုင်ဆိုင်ခြင်းက သင့်ကို လွတ်လပ်စေတယ်။ အေးချမ်းစေတယ်ဆိုတာ အမှန်ပါပဲ။ ကျယ်ဝန်းတဲ့စိုက်ခင်းတွေ လေကောင်းလေသန့်ရှူရှိုက်ရင်း စက်ဘီးလေးစီး ကလေးတွေက ခြံထဲကစား ကိုယ် နဲ့ ကိူယ်ချစ်ရတဲ့သူနှစ်ယောက်သား ခြံထဲ ထိုင်ပီး သက်တန့်ကြီးကို ကြည့်ခွင့်ပေးလို့ ဘုရားကိူကျေးဇူးတင်ပါတယ်။


အခုလို မြန်မာပြည်မှာအခက်ခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေ ကလေးမိဘတွေစစ်ရှောင်တွေ ပြည်သူ့ ဝန်ထမးတွေ ပြည်သူ့အားကိုးရတဲ့ အမှန်တရားဘက်တော်သားတွေ အတွက် တဖက်တလမ်းကနေ အမြဲ ကူညီခွင့်ရလို့လဲ ဘုရားကိုကျေးဇူးတင်တယ်။ မကြာမီမှာလဲ လိုအပ်နေတဲ့နေရာတွေ အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးနျုင်ဖို့ ကျမ အနေနဲ့တတ်စွမ်းတဲ့ အနုပညာနဲ့ ကူညီပြီး ရံပုံငွေတွေရှာပြီး ထောက်ပံ့ပေးဖို့ ကြိုးစားသွားမှာပါ။ ကျမကိုချစ်တဲ့ ကျမချစ်တဲ့ပရိတ်သတ်ရဲ့ဆုတောင်းမေတ္တာကြောင့် မိသားစုအားလုံးနေကောင်းကျန်းမာကြပါတယ်။


ကျမပြန်လည်ပို့သသောမေတ္တာကြောင့် မြန်မာပြည်ကြီးအမြန်အေးချမ်းပါစေဆုတောင်းပါတယ် ” ဆိုပြီး ပြောလာပါတယ်…။တခြားနိုင်ငံသူဖြစ်တဲ့ ချမ်းချမ်း တို့သားအမိကို ပျော်ရွှင်အောင်ထားပေးခဲ့ ချမ်းချမ်းရဲ့ခင်ပွန်းဟာဆိုရင် တကယ်ကိုမှခင်ပွန်ကောင်း ဖခင်ကောင်းပီသတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်.



အားကျစရာကောင်းတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ ချမ်းချမ်းရဲ့ဘဝလေးက အမျိုးသမီးတိုင်းအတွက် အားကျစရာကောင်းနေတာတော့ အမှန်ပါပဲနော်…။

Credit