မြန်မာတစ်ယောက် US က ကြက်ခြံမှာ ပေါ့ပေါ့ပါးပါး တစ်နှစ် ဒေါ်လာသန်းဝက်ကျော် ရှာနိုင်အကြောင်း ပြောပြလာတဲ့ပန်ဆယ်လို


မြန်မာတစ်ယောက် US က ကြက်ခြံမှာ ပေါ့ပေါ့ပါးပါး တစ်နှစ် ဒေါ်လာသန်းဝက်ကျော် ရှာနိုင်အကြောင်း ပြောပြလာတဲ့ပန်ဆယ်လို

မြန်မာတစ်ယောက် US က ကြက်ခြံမှာ ပေါ့ပေါ့ပါးပါး တစ်နှစ် ဒေါ်လာသန်းဝက်ကျော် ရှာနိုင်အကြောင်း ပြောပြလာတဲ့ပန်ဆယ်လို


ပြီးခဲ့တဲ့ လပိုင်းက အမေရိကန်ပြည်နယ်တစ်ခုကို ရောက်ရင်း မြန်မာနိုင်ငံသား ချင်းလူမျိုးတစ်ယောက်ရဲ့ ကြက်ခြံလုပ်ငန်းတစ်ခုကို သွားလေ့လာဖြစ်တယ်။


ခြံက ၄၅ ဧက ကျယ်တယ်။ အမေရိကန်မှာ မြေ၄၅ဧက ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံသားဆိုတော့ မဆီမဆိုင်ကြားထဲက ဂုဏ်ယူနေမိသေးတာ။ ခြံထဲရောက်တော့ ကြက်ဂိုထောင်ပဲ ခေါ်မလား အဆောက်အဦ ငါးလုံးတွေ့တယ်။ နေတဲ့အိမ်သေးသေးတစ်လုံးတွေ့တယ်။


အဆောက်အဦဆိုပေမယ့် ကြက်တွေထားတဲ့ နေရာပေါ့။ အမိုးအကာပါမယ်။ အစာ၊ရေ ကျွေးတဲ့ Auto System တွေနဲ့။ ပိုင်ရှင်ပုဂ္ဂိုလ်ကတော့ အဝတ်မျက်နှာဖုံးစွပ်တစ်ခုနဲ့ ကြက်ချေးဖွတဲ့ စက်ကြီးတက်မောင်းနေတယ်။


ကိုယ်လည်း စပ်စုတာပေါ့။ ကြက်အကောင်ရေ ဘယ်လောက်လဲဆိုတော့ တစ်လောကို အကောင်ရေတစ်သိန်းခွဲတဲ့။ ဝန်ထမ်းဘယ်နှယောက်ရှိလဲဆိုတော့ ကျွန်တော်တစ်ယောက်တည်းပဲလေတဲ့။ မိန်းမကတော့ ဆူရှီဆိုင်ကအားရင် ခဏတဖြုတ်လာကူတယ်တဲ့။ လူတစ်ယောက်နဲ့ ကြက်အကောင်ရေ တစ်သိန်းခွဲ ဘယ်လို Run လဲ စပ်စုတော့ နည်းနည်းပင်ပန်းပေမယ့် နိုင်ပါတယ်။ အေးဆေးပါပဲတဲ့။


အစာ၊ ရေက သူ့အချိန်နဲ့သူ စက်ကကျွေးသွားတယ်။ စက်ကို အစာ၊ရေ ပုံမှန်သွားလား စစ်ရုံပဲ။ စစ်တာလည်း အထွေအထူး မဟုတ်ပါဘူးတဲ့။ Error တက်ရင် ဖုန်းမှာ Alarm ဝင်ပါတယ်တဲ့။


ကြက်ပေါက်တွေကို ကုမ္ပဏီက ချပေးတယ်။ နှစ်လနီးပါးမွေးပေးရတယ်။ အစာကအစ ကုမ္ပဏီက ပေးတယ်။ ရက်ပြည့်ရင် ကုမ္ပဏီက လာသိမ်းတယ်။ လာသယ်တာတောင် သူ့ဝန်ထမ်းနဲ့သူပဲ။ အလုပ်ရှုပ်တဲ့အချိန်ကတော့ အကောင်ပေါက်လေးတွေ စမွေးတဲ့အချိန်မှာ အသေအပျောက်ရှိတတ်တဲ့အတွက် ကြက်သေလိုက်ကောက်ရချိန်လောက်ပဲတဲ့။


နှစ်လအလုပ်လုပ် တစ်လနားပေါ့။ မနားချင်လည်း ရတယ်တဲ့။ ဝင်ငွေကတော့ တစ်လော့ကို အမေရိကန်ဒေါ်လာ ခြောက်သောင်းဝန်းကျင်ရပါတယ်တဲ့။ Mortgage ပေးပြီး သုံးသောင်းခွဲလောက် ကျန်သတဲ့။


Mortgage ကလည်း အလကားပေးရတာ မဟုတ်ဘူး။ ဒီခြံဝန်းကို အကြွေးနဲ့ ဝယ်ထားတာဆိုတော့ လစဉ်ဆပ်ရတဲ့ Payment , အချိန်တန်ရင် ဒီမြေက သူ့အပိုင်ဖြစ်သွားမှာ။ လွန်ခဲ့တဲ့ သုံးလေးနှစ် သူဝယ်ချိန်က ဒေါ်လာ ၁၄သိန်းနဲ့ ဝယ်ခဲ့တဲ့မြေက အခုဆို အောက်ထစ် ဒေါ်လာသိန်းနှစ်ဆယ် (နှစ်သန်း) တန်နေပြီ။


ကိုယ်ပြောချင်တဲ့အပိုင်းက အခုမှ လာမှာပါ။ သူဟာ မြန်မာပြည်မှာ နေတုန်းက ချမ်းသာတဲ့ လူတန်းစားအလွှာက မဟုတ်ဘူး။ သာမန်ချင်းတိုင်းရင်းသားတစ်ယောက်ပဲ ဖြစ်တယ်။ ချင်းပြည်မှာလည်း ဒီလိုပဲ ပင်ပန်းတဲ့ တောင်ယာလယ်လုပ် မွေးမြူရေးလုပ်ငန်းပုံစံမျိုးတွေနဲ့ပဲ ဖြတ်သန်းခဲ့တာ။


အကြောင်းအမျိုးမျိုးနဲ့ ဒီကိုရောက်လာတဲ့အခါ၊ ဒီကစနစ်နဲ့ နေထိုင်ဖြတ်သန်းနိုင်သွားတဲ့အခါမှာ ဒီလိုအလားတူအလုပ်ကိုပဲ လုပ်ရင်းနဲ့ ဘယ်လောက်ကို လုပ်သလောက်ဖြစ်၊ အကျိုးခံစားခွင့်ရှိတယ်ဆိုတာကို ပြောပြချင်တာပါ။


မြန်မာပြည်ကို အမေရိကန်နဲ့ ယှဉ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် မြန်မာပြည်က အမေရိကန်လို ဖြစ်မလာနိုင်စရာလည်း ရှိတာ မဟုတ်ဘူး။ အမေရိကန်မြေက ရွှေထွက်ပြီးချမ်းသာနေတာ မဟုတ်ဘူး။ စနစ်ကောင်းတစ်ခုကို ထူထောင်နိုင်လို့ ချမ်းသာနေတာ။


ကိုယ်တို့နိုင်ငံသားတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေး၊ အလုပ်လုပ်နိုင်စွမ်းက အမေရိကန်တွေထက် ဘာမှနိမ့်ကျနေတာ မဟုတ်ဘူး။ ကိုယ်တို့နိုင်ငံသားတွေက အခွင့်အလမ်း မရှိတာ။


ကိုယ်တို့နိုင်ငံသာ ဒီတစ်ခေါက်မှာ အပြတ်ရုန်းနိုင်ခဲ့လို့ ကောင်းမွန်တဲ့ စနစ်ကောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် ကိုယ်တို့က ဘာလို့ ဒီလိုမဖြစ်နိုင်ရမှာလဲ။ နတ်စီတဲ့အိပ်မက်များက လွယ်လွယ်နဲ့ အက်ချလောင်းဆိုပြီး မရပေမယ့် ကိုယ်တို့ ကြိုးစားနိုင်မယ်ဆိုရင် မဖြစ်လာနိုင်စရာ မရှိဘူး။


American Dream ကို ပြည်တွင်းမှာတင် ဖန်တီးနိုင်ဖို့ မျိုးဆက်တစ်ဆက်စာ ကြာရင်တောင်၊ ကိုယ်တို့ဟာ စတေးခံမျိုးဆက်ဖြစ်ရရင်တောင် ကိုယ်တို့ရဲ့ နောက်မျိုးဆက်အတွက် တာဝန်ကျေခဲ့ကြသင့်တယ် မဟုတ်လား။


တိုင်းပြည်က ဘာမှ ဖြစ်နေတာ မဟုတ်ဘူး။ လူမျိုးက ဘာမှ ဖြစ်နေတာ မဟုတ်ဘူး။ ကြိုးစားသလောက်မဖြစ်၊ လုပ်သလောက် မရ၊ မသေရုံတမယ် ရှင်သန်ပြီး ခွေးလိုနွားလို ရုန်းနေရတာ အားလုံးဟာ မအေလိုးတွေကြောင့်ချည်းပဲ။


အမေရိကန်က မွေးမြူရေးသမားက ကြက်ခြံမှာ သာသာယာယာပေါ့ပေါ့ပါးပါး အလုပ်လုပ်ပြီး တစ်နှစ် ဒေါ်လာသန်းဝက်ကျော် ရှာနိုင်ချိန်မှာ မြန်မာပြည်က မွေးမြူရေး စိုက်ပျိုးရေးသမားတွေ တစ်နေ့ ၁၀ နာရီအထက် ဖင်ထဲရွှံ့တစ်ပိသာဝင်ခံပြီး ရုန်းနေတာတောင် ထမင်းနပ်မမှန်တာ စနစ်ကြောင့်ပဲ။ တိတိပပပြောရရင် ဒီစစ်ခွေးမအေလိုးအဆက်ဆက်ကြောင့်ပဲ။


ရေးရင်း စောက်သဲပေါက်တယ်။ ဒီမအေလိုးတွေကိုမှ အမြစ်ပြတ် မတော်လှန်နိုင်ရင် နဂိုထက်ကို ပိုပိုခွေးဖြစ်လာဖို့ပဲ ရှိတယ်။ ဒီကောင်တွေပေးမယ့် ညှာတာမှုကို ကျွန်စိတ်နဲ့ မျှော်လင့်နေကြသေးတယ်ဆိုရင်တော့ ပုခုံးမှာ ဘို့တက်လာဖို့ပဲ ရှိတော့တယ်။


လူက လူလိုရှင်သန်ရတဲ့ ဘဝတွေမှာ နေရအောင် ကြိုးစားကြရအောင်ပါ။