ပြည်တွင်းပြည်ပ Fundraiser များနှင့် ထောက်ပို့ပြည်သူများအားလုံး သတိပြုမိစေဖို့ ဒီပိုစ့်ကို ရေးပါတယ်


ပြည်တွင်းပြည်ပ Fundraiser များနှင့် ထောက်ပို့ပြည်သူများအားလုံး သတိပြုမိစေဖို့ ဒီပိုစ့်ကို ရေးပါတယ်

လွန်ခဲ့တဲ့ သုံးလေးရက်ဝန်းကျင်က Facebook Page တစ်ခုနဲ့ Website တစ်ခု ပေါ်လာပါတယ်။


Revolutionary Government of Federal Union of Burma ဆိုတဲ့ အစိုးရတစ်ရပ်လို့ဖော်ပြထားတဲ့ ပေ့ချ်ပါ။


ဒီပေ့ချ်ကနေ တင်ထားတဲ့ Announcement တွေနဲ့ Website ကို လေ့လာတဲ့အခါ နာမည်ကသာ တော်လှန်ရေးအစိုးရလို့ ဖော်ပြထားပေမယ့်


ဒီအစိုးရကို မောင်းနှင်မယ့်သူတွေဟာ ဘယ်သူတွေဆိုတာ ဖော်ပြမထားပါဘူး။


ဒါပေမယ့် ဒီပေ့ချ်အကြောင်း ဒိုင်ခံဖော်ပြနေသူကတော့ ဩစတေးလျမှ ဒေါက်တာကျော်နိုင်ဆိုသူ ဖြစ်ပါတယ်။


သူထောင်ထားတဲ့ပေ့ချ်၊ သူထောင်ဖို့ ကြိုးစားနေတဲ့ အစိုးရဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။


ကျွန်မကတော့ နောက်ထပ်တော်လှန်ရေးအစိုးရဘာညာ အမည်ခံပြီး ပေါ်ပေါက်လာတာကို အထွေအထူးဝေဖန်စရာ မရှိပါ။


စိတ်လည်း မဝင်စားပါ။ NUG ကို ဝန်းရံပေမယ့် NUG ကပဲ တော်လှန်ရမယ်ဆိုတဲ့ အမြင်လည်း မရှိပါ။


ပြည်သူသာလျှင် အဓိကဖြစ်တဲ့အတွက် ပြည်သူကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။


ဒါပေမယ့် သတိပြုစရာက ဒီအစိုးရနောက်တစ်ခုဆိုတာရဲ့လက်အောက်မှာ လက်ရှိ EROsတွေ၊ EROs ခေါင်းဆောင်တွေရဲ့ နာမည်တွေကို ဖော်ပြထားသလို


ဗိုလ်နဂါးရဲ့ MRDA တော်ဝင်နဂါးတပ်တော်ကိုလည်း ထည့်သွင်းဖော်ပြထားတယ်။


နောက်ထပ် PDF အဖွဲ့ ၈၀ ကိုလည်း သူတို့အစိုးရရဲ့ တပ်တွေအဖြစ် ဖော်ပြထားတယ်။


ကျွန်မအနေနဲ့ အခြားEROs ခေါင်းဆောင်တွေကို ချက်ချင်းဆက်သွယ်အတည်ပြုဖို့ ခက်နေပေမယ့် ဗိုလ်နဂါးကို မေးမြန်းတဲ့အခါ


ဗိုလ်နဂါးက နာရီပိုင်းအတွင်း ကျွန်မဆီ ဖုန်းဆက်လာခဲ့တယ်။


ဒီတော်လှန်ရေးအစိုးရဘာညာဆိုတာကို သိလည်း မသိသလို အဆက်အသွယ်လည်း တစ်ခါလေးမှ မရှိကြောင်း၊


NUG ကို ဘက်ကန်ပြီး သူတို့လက်အောက်ကို ဝင်ဖို့ဆိုတာဝေး၊ သိတောင် မသိကြောင်း အတိအကျပြောလာပါတယ်။


ဗိုလ်နဂါးဟာ အင်တာနက်လိုင်းခက်ခဲတဲ့ အခြေအနေမှာ ရှိနေတာကြောင့် MRDA ဟာ NUG ရဲ့ COC အောက်မှာပဲ ရှိကြောင်းကို အလျင်းသင့်မယ်ဆိုရင်


ရေးသားပြီး ပြည်သူကို အသိပေးပေးပါလို့ တောင်းဆိုလာပါတယ်။


ဒါ့ကြောင့် အခြားနာမည်ထည့်သွင်းခံထားရတဲ့ EROs တွေကလည်း ဗိုလ်နဂါးလိုပဲ မသိတောင်မသိလိုက်ဘဲ အသုံးချခံထားရတာလို့ ယူဆလို့ရတယ်။


ဒါအပြင် လက်ကိုင်တပ်အဖြစ် ဖော်ပြထားတဲ့ PDF အဖွဲ့၈၀ထဲက ကျွန်မထောက်ပို့နေကျ အဖွဲ့တွေကို ဆက်သွယ်မေးမြန်းတဲ့အခါ


သူတို့လည်း လုံးဝကို မသိရှိကြောင်း၊ အဲ့အစိုးရဆိုတဲ့အဖွဲ့ရဲ့ လက်အောက်ခံလည်း မဟုတ်ကြောင်း၊


တမင်နာမည်အလွဲသုံးစားပြုခံရတာသာဖြစ်ကြောင်း ဖြေကြားသလို ကြေညာချက်တွေထုတ်ပြန်သွားမယ်လို့လည်း ပြောကြားပါတယ်။


အစိုးရဆိုတာ တာဝန်ယူတာဝန်ခံမှု ရှိဖို့လိုတယ်။ Facebook ပေါ် Keyboard ရိုက်တတ်တာနဲ့ အစိုးရထထောင်လို့ရမယ်ဆိုရင်


ပန်ဆယ်လိုအစိုးရနဲ့ ပန်ဆယ်လိုအာမီတောင် ဖြစ်နေလောက်ပြီ။


အစိုးရတစ်ရပ်ဖြစ်လာဖို့ တာဝန်ယူ တာဝန်ခံမှုနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင်၊ လက်အောက်ခံ သစ္စာခံတပ်တွေနဲ့ တပ်ထူ​ထောင်နိုင်ပြီဆိုရင် ဖွဲ့ချင်သပဆို ဖွဲ့ပါ။


ဒါတောင်မှ ပြည်သူက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်တဲ့အတွက် ပြည်သူလူထုကပဲ ဘယ်အစိုးရက ငါတို့လက်ခံတဲ့ အစိုးရဆိုတာ ရွေးချယ်ဆုံးဖြတ်သွားလိမ့်မယ်။


အဲ့လိုမှ မဟုတ်ဘဲ အစိုးရဖြစ်လေတော့သကိုးဆိုပြီး ဇွတ်အစိုးရဖွဲ့တယ်ဆိုတာ မင်းအောင်လှိုင်တို့ လုပ်ရပ်နဲ့ တစ်ထပ်တည်းပဲ။


ဒါ့အပြင်ကိုပဲ EROsတွေ၊ ဒေသကာကွယ်ရေးတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ နာမည်ကို အခွင့်မရှိဘဲ အလွဲသုံးစားယူသုံးဖော်ပြပြီး


ကလိန်ကကျစ်လုပ်တာဟာ ဒီအဖွဲ့အစည်းတွေကို ပြည်သူက အထင်အမြင်လွဲမှားသွားအောင် သွေးခွဲတဲ့ လုပ်ရပ်ပဲ။


ဒါပေမယ့် အဖွဲ့အားလုံးကို ဆက်သွယ်အတည်မပြုရသေးတာကြောင့် ဒီအဖွဲ့၈၀မှာ ဒီအုပ်စုနဲ့ ပူးပေါင်းနေတဲ့အဖွဲ့တွေ ပါနိုင်တယ်လို့ ထင်မြင်စရာရှိပါတယ်။


ဒါ့ကြောင့် နာမည်အလွဲသုံးစားပြုလုပ်ပြီး ဖော်ပြခံရတဲ့ အဖွဲ့တွေအနေနဲ့ မသက်ဆိုင်ကြောင်း ကြေညာချက်တွေထုတ်ဖို့ လိုအပ်တယ်လို့ အကြံပြုပါရစေ။


ဒါမှသာ ထောက်ပို့ပြည်သူတွေ၊ Fundraiser တွေအနေနဲ့ စိတ်ရှင်းရှင်း ထောက်ပို့ကူညီနိုင်မှာ ဖြစ်ပါတယ်။


ဒီကိစ္စဟာ အရူးအရူးနဲ့ လွှတ်ထားပေးရင်း အိမ်ဦးချီး-တက်ပါတဲ့ကိစ္စဖြစ်တဲ့အပြင် အရေးကြီးကာလမှာ


တော်-လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား သပ်လျှိုသွေ-းခွဲ ဝေဝါးအောင် ဆောင်ရွက်တဲ့ လုပ်ရပ်ဖြစ်တာကြောင့်


ကြီးထွားမလာခင် ပြည်သူကို သိရှိအောင် တင်ပြဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် ဒီပိုစ့်ကို ရေးပါတယ်။


လေ့လာလို့ ရအောင် Page Link ကို ကောမန့်မှာ ပြပေးထားပါတယ်။


ကိုယ့်မှာလည်း MaALoe တွေကို တော်-လှန်ရ၊ $ရူးတွေကို အမြစ်-လှန်-ရနဲ့ အားရတယ်ကို မရှိဘူး။


Credit