နွေရာသီအပြောင်းအရွှေ့ကာလ မပြီးဆုံးခင် Casemiro ကို ရရှိနိုင်ရေးဟာ Manchester United ရဲ့ အဓိကအချက်ဖြစ်လာ


နွေရာသီအပြောင်းအရွှေ့ကာလ မပြီးဆုံးခင် Casemiro ကို ရရှိနိုင်ရေးဟာ Manchester United ရဲ့ အဓိကအချက်ဖြစ်လာ

Manchester United အသင်းအနေနဲ့ နွေရာသီအပြောင်းအရွေ့ကာလ မပြီးဆုံးခင် Real Madrid အလယ်တန်းကစားသမား Casemiro ကို ခေါ်ယူနိုင်ရေး အလေးပေးလုပ်ဆောင်နေကြောင်း သိရသလို အသင်းနှစ်သင်းအကြား ဒီစာချုပ်ဖြစ်မြောက်ရေးဟာလည်း အလားအလာကောင်းနေကြောင်း သိရပါတယ်။


Casemiro အနေနဲ့လည်း United ကို လာရောက်ဖို့ ဆန္ဒရှိကြောင်း ပြောပြထားသလို သူဟာဆိုရင် အသက် (၃၀) အရွယ်အားကစားသမားတွေကြား လခလစာအများဆုံးရရှိတဲ့ ကစားသမားတစ်ဦးဖြစ်လာဖို့လည်း ဆန္ဒရှိနေတာပါ။




United အသင်းကိုယ်စားလှယ်တွေအနေနဲ့ အရင်တစ်ပတ်က Madrid ကိုသွားရောက်ပြီး ဆွေးနွေးညှိုနှိုင်းမှု ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ Real Madrid အသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု တစ်စုံတစ်ရာမရရှိသေးပါဘူး။ ဒါပေမယ့် ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်နေတာကြောင့် အလားအလာကောင်းနေတယ်လို့ ဆိုရမှာပါ။ မဖြစ်နိုင်တဲ့အခြေအနေဆိုရင်တော့ United အသင်းအနေနဲ့ကလည်း အခုလိုအချိန်ပေးပြီး ဆွေးနွေးနေမှာမဟုတ်ပါဘူး။


Casemiro ဟာ Real Madrid မှာ လစာအများဆုံးရနေတဲ့ အားကစားသမားတစ်ဦးဖြစ်တာကြောင့် United အနေနဲ့ ဆွဲဆောင်နိုင်တဲ့ ကမ်းလှမ်းမှုမျိုးကို ပြုလုပ်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်အလိုက် အကျိုးခံစားခွင့်ထပ်ပေးတဲ့ ကမ်းလှမ်းမှုမျိုးပါဝင်ခဲ့ရင် ကစားသမားဟာ လစာအများဆုံးရရှိသူ စာရင်းမှာ ပါဝင်လာနိုင်ပါလိမ့်မယ်။


သတင်းတွေမှာ ဖော်ပြချက်အရတော့ ကစားသမားဖြစ်သူက Old Trafford ရောက်ရှိသွားခဲ့ရင် အခုလခထက် နှစ်ဆလောက်ရရှိလိမ့်မယ်လို့ သိရှိရပါတယ်။




Casemiro ရဲ့ Professional ပီသမှုနဲ့ အကျင့်ဇာရိတ္တကောင်းမွန်မှုတွေကို United အနေနဲ့ သဘောကျနေတာဖြစ်ပြီး အလယ်တန်းနောက်ခံနေရာကို ပိုင်နိုင်စွာကစားနိုင်မှုကိုလည်း လေးစားကြတာဖြစ်ပါတယ်။


Casemiro ဟာ La Liga ဆု (၃) ဆုရရှိခဲ့ဖူးတဲ့အပြင် UEFA Champions Leagues (၅) ဆုနဲ့ FIFA Club World Cups (၃) ဆု ရရှိခဲ့ဖူးပါတယ်။


United အနေနဲ့ Frenkie de Jong ကို ခေါ်ယူဖို့လည်း ကမ်းလှမ်းခဲ့ပြီး ဒီကမ်းလှမ်းချက်ကိုတော့ Barcelona အသင်းက လက်ခံခဲ့ပါသေးတယ်။




United အသင်းဟာ ဂိုးသမားအရံတစ်ဦးကိုလည်း ရှာဖွေနေပြီး ညာဘက်နောက်ခံနေရာ ကစားသမားတစ်ဦးကိုလည်း ရှာဖွေနေပါသေးတယ်။


Ajax winger Antony ကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့သသလို Christian Pulisic ကိုလည်း ကမ်းလှမ်းဖို့ လုပ်နေခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


အဘက်ဘက်က သဘောတူ၊ သင့်တင့်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာမယ်ဆိုရင်တော့ စက်တင်ဘာ (၁) ရက်နေ့မတိုင်ခင် Cristiano Ronaldo ကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ အလားအလာရှိနေပါသေးတယ်။


M2T Shwengwegames


>