ယနေ့ ကြုံရတဲ့ မြင်ကွင်းလေးတစ်ခု၉တန်း၁၀တန်းအရွယ် ကျောင်းသားလေး ၄ယောက်… see more


ယနေ့ ကြုံရတဲ့ မြင်ကွင်းလေးတစ်ခု၉တန်း၁၀တန်းအရွယ် ကျောင်းသားလေး ၄ယောက်… see more

ယနေ့ ကြုံရတဲ့ မြင်ကွင်းလေးတစ်ခု၉တန်း၁၀တန်းအရွယ် ကျောင်းသားလေး ၄ယောက်… see more


၉တန်း၁၀တန်းအရွယ် ကျောင်းသားလေး ၄ယောက် ကျောင်းဆင်းလို့ ပြေးထွက်လာကြတယ်။လမ်းပေါ်ရောက်လို့ ကျွန်တော့်ရှေ့လည်းရောက်ရော တစ်ယောက်ထံမှအသံ တစ်ခုထွက်လာတယ်။


“ဟာ ငါ့ဖိနပ်ပြတ်သွားပြီကွ” ဘယ်ဘက်ဘေးကတစ်ယောက်က ပေးပေးငါပြန်တပ်ပေးမယ်ဆိုပြီးယူလိုက်ပြီး “ဟာ မရတော့ဘူးကွ” တဲ့။


လွယ်အိတ်အဖြူနဲ့ကလေးထံမှ ထပ်ကြားရသောအသံမှာ “မစီးပါနဲ့တော့ကွာ ဒီတိုင်းလျောက်မိုးရွာနေတာမို့ ပြတ်တာ ဘယ်သူမသိပါဘူး” ဆက်တိုက်ထွက်ပေါ်လာသောအသံများဆက်လက်နားစွင့်နေချိန် ထီးလေးဆောင်းထားတဲ့ ကလေးထံမှ ကျတော်ကြားလိုက်တဲ့ အသံကြောင့် အတော်မှင်သက် အံ့ဩဖြစ်သွားရတယ်။


ထိုအသံမှာ “ဟာငါတို့အားလုံး ဖိနပ် ချွတ်လျှောက်လိုက်မယ်လေကွာ ” ” သူဖိနပ်ပြတ်တာ ဘယ်သူမသိတော့ဘူးကွ အားလုံး မိုးရွာလို့ဖိနပ်ချွတ်လျောက်တယ်ပေါ့”


ဆက်လက် ထွက်ပေါ်လာသောအသံကြောင့် ကျွန်တော် ဓါတ်ပုံရိုက်ယူမိလောက်အောင် ရင်ကိုရိုက်ခတ်လာပါသည်။ထိုအသံ မှာ “အေးဟုတ်တယ်ဟ အကုန်ချွတ်လျောက်ကြစို့” အပြုံးကိုယ်စီနဲ့သုံးယောက်လုံးထံမှ တစ်ညီတစ်ညာတည်းထွက်ပေါ်လာသော အသံပေတည်း။


ထိုအသံများမှာ အချိန်၅မိနစ် အတွင်း ဆက်တိုက်ထွက်ပေါ်လာခြင်းဖြစ်သည်။ဤအသံများသည် စာအုပ်ထဲမှ လာခြင်းမဟုတ် စာသင်ခန်းတွင်းမှာလာခြင်းမဟုတ် ကြိုတင်တိုက်ထားခြင်းလည်းမဟုတ် စာကျက်ထားခြင်းလည်းမဟုတ် ထိုအသံများအဘယ်ကလာသနည်း ။ နှလုံးသားက တိုက်ရိုက်ဆင်းသက်လာခြင်းပေတည်း။


သူတို့အပြုံးကိုယ်စီနဲ့ ပျော်ရွှင်စွာရယ်မော၍ ဆက် လက်ထွက်ခွါ သွားကြပေသည်။ သို့သော် ကျွန်တော့် ရင်ထဲ ပီတိဖြစ်မိပြီး အတွေးစများမြောက်များစွာဖြင့် ဆက်လက်ထွက်ခွါလာမိခဲ့ပါသည်။


ကောင်းကောင်း(အညတရ)