စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူအလုပ်သမားတွေကိုသီးသန့် မတရားခြိမ်းခြောက် အလုပ်ဖြုတ်… see more


စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူအလုပ်သမားတွေကိုသီးသန့် မတရားခြိမ်းခြောက် အလုပ်ဖြုတ်… see more

စစ်ကိုင်း ၅/ နဲ့ မ​ကွေး ၈/ မှတ်ပုံတင်ကိုင်ဆောင်သူအလုပ်သမား ၁၀၀ ကျော်ကို မတရား ခြိမ်းခြောက်အလုပ်ဖြုတ်


နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်တဲ့ စက်ရုံက စစ်ကိုင်း ၅/ နဲ့ မ​ကွေး ၈/ မှတ်ပုံတင်ကိုင်ဆောင်သူအလုပ်သမား ၁၀၀ ကျော်ကို မတရား ခြိမ်းခြောက်အလုပ်ဖြုတ်


နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်တဲ့ချိနားနိုင်ငံသားပိုင် စက်ရုံက ၅ မျဉ်းစောင်း နဲ့ ၈ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူအလုပ်သမား ၁၀၀ ကျော်ကို မတရား ခြိမ်းခြောက်အလုပ်ဖြုတ်ခဲ့ကြောင်း မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် FGWN က သတင်းထုတ်ပြန်ပါတယ်။


မတရား အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်ှSစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေအကြား တို-က်-ပွဲ ပြင်းထန်နေတဲ့ ဒေသတွေ ဖြစ်တဲ့ Sစ်ကိုင်း နဲ့ မကွေး တိုင်း က လာရောက် အလုပ်လုပ်ကိုင် နေတဲ့ အလုပ်သမား တွေ ကို ပစ်မှတ်ထား အလုပ်ထုတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ရန်ကုန် လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်အဝိုင်း(မြန်မာကိုင်ဒိုလမ်းကြား)အနီးမှာရှိတဲ့ZHEJIANG TONGLI CLOTHING (MYANMAR) CO.LTD အထည်ချုပ်စက်ရုံဟာ နာမည်ကျော် အဝတ် အထည် အမှတ်တံဆိပ် (H&M) ကို ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး ဒီစက်ရုံကနေ ၅/နဲ့ ၈/မှတ်ပုံတင် ကိုင်ဆောင်တဲ့ အလုပ်သမားတွေ ကို ခြိမ်းခြောက် ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။


အဲ့ဒီစက်ရုံကနေ ဩတ်ဂုတ်လ ၁ရက်နေ့ ကစပြီး ဒီကနေ့ အထိ လုပ်ငန်းခွင်ထဲမှာ ၅ မျဉ်းစောင်း နဲ့ ၈ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်တဲ့ အလုပ်သမားစာရင်းကောက်ယူပြီး အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်တယ်လို့ FGWN ကဆိုပါတယ်။


“ကျွန်မတို့ကဘာကြောင့်ထုတ်တာလဲလို့မေးတော့ အထက်ကညွှန်ကြားလို့ နင်တို့ကိုထုတ်ရမယ်

ကိုယ့်သဘောနဲ့ ကိုယ်ထွက်ကြ။ အဲလိုမှမထွက်ရင် Sစ်တပ်ကလာတဲ့အခါ နင်တို့ကိုထည့်ပေးလိုက်မယ်လို့ ပြောပါတယ်။အဲဒါကြောင့် ကျွန်မလည်း ၁ရက်နေ့မှာ လစာထုတ်ပြီး လုပ်ငန်းခွင်ကိုစွန့်ခွာခဲ့ရပါတယ်”လို့ သူမ က ပြောပါတယ်။


အလုပ်ထုတ်ခံရတဲ့ အလုပ်သမားအားလုံးကိုနစ်နာကြေးမပေးတဲ့အပြင် အလုပ်ထုတ်စာလည်းထုတ်မပေး ဘူးလို့ သိရှိရပါတယ်။လုပ်ငန်းခွင်အတွင်း ကျန်ရှိနေတဲ့အလုပ်သမားတွေကိုလည်း ယခုလိုဒီလိုအလုပ်ထုတ်တာဟာ အထက်က


ညွှန်ကြားချက်အရလို့ သတင်းလွှင့်ပြီး အလုပ်သမားတွေကိုလည်း အဲ့ဒီကိစ္စရပ်မှာ ဝင်မပါဖို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့သိရှိရပါတယ်။အဲ့ဒီစက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား စုစုပေါင်း(၂၅၀၀)ကျော်ရှိနေပြီး စက်လိုင်း (၇၀)နဲ့လည်ပတ်နေတဲ့ စက်ရုံတစ်ရုံလည်းဖြစ်တယ်လို့သိရှိရပါတယ်

Credit


>