ယနေ့ စစ်ကိုင်းတံတားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မိဘ ပြည်သူများထံ အထူးအသိပေး ကြေညာ


ယနေ့ စစ်ကိုင်းတံတားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မိဘ ပြည်သူများထံ အထူးအသိပေး ကြေညာ

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့ ဆက်သွယ်ထားသည့် ရတနာပုံတံတား (စစ်ကိုင်းတံတား) ထိပ် စစ်ကိုင်းဘက်အခြမ်း၌


ခရီးသည်တင် Express ကို စစ်ကောင်စီတပ်က တားမြစ်စစ်ဆေးရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး


PDF တပ်ဖွဲ့ဝင် လူငယ် ၃ ဦး ကျဆုံးခဲ့ကြောင်း မြို့ခံများထံကသိရသည်


ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီကျော်က စစ်ကိုင်းတံတားထိပ်တွင် ခရီးသည်တင် ကားတစ်စီးကို


စစ်အုပ်စု က တားမြစ်စစ် ဆေးခဲ့ရာ ကားပေါ်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးက ပြန်လည်ပစ်ခတ်ခဲ့ပြီး


ပစ်ခတ်မှု အတော်ကြာ ဖြစ်ခဲ့ကြောင်း စစ်ကိုင်းမြို့ခံများထံကသိရသည်


အချက်ရေ ၁၀၀ ကျော်လောက် တော်တော်ကြာတယ် ပစ်ကြတာ။ အခုတော့ တံတားကို ပိတ်ချလိုက်တယ်။


ဘယ်သူမှဖြတ်ခွင့်မရှိ သေးဘူး ဟု ဒေသခံတစ်ဦးကပြောသည်


အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် ကားပေါ်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်တချို့ လည်း ကျဆုံးခဲ့ကြောင်း


မြေပြင်သတင်းအဖွဲ့များက ထုတ်ပြန်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍လူငယ့်ခေတ်မှ အသေးစိတ်အတည် ပြုချက်မရရှိသေးပါ


မန္တလေး နှင့် စစ်ကိုင်းတိုင်း ရတနာပုံ တံတားပေါ် ဖြတ်သန်း သွားလာသူများ ရှောင်ကြရန် အထူးမေတ္တာရပ်ခံပါတယ်


ကျဆုံးခဲ့တဲ့ ရဲဘော်များအတွက် သွေ-းေြ-ကွး ချက်ချင်း ပြန်ယူဖို့ ရှိနေသောကြောင့်


မိဘပြည်သူများအနေဖြင့် ဖြတ်သန်း သွားလာမှု ရှောင်ရှားပေးကြပါရန် အထူးအထူးမေတ္တာရပ်ခံ ပါတယ်


စစ်ကိုင်းတိုင်း ပြည်သူကာကွယ်ရေး တော်လှန်ရေး ရဲဘော် PDF တပ်ပေါင်းစု မှ ကြေညာအသိပေးထားပါတယ်


Shrae ခြင်းဖြင့် ကူညီပေးကြပါ။


Credit

>