“ခေတ်ပျက်ကြီးထဲ တမင်သောက်စားပျော်ပါးပြနေတဲ့ကောင်တွေအကုန်လုံး စစ်ကောင်စီဘက်ကလူလို့ သတ်မှတ်မယ်”လိုပြောလိုက်တဲ့ ရန်ရန်ချမ်း


“ခေတ်ပျက်ကြီးထဲ တမင်သောက်စားပျော်ပါးပြနေတဲ့ကောင်တွေအကုန်လုံး စစ်ကောင်စီဘက်ကလူလို့ သတ်မှတ်မယ်”လိုပြောလိုက်တဲ့ ရန်ရန်ချမ်း

ဆိုင်တွေမှာ သောက်စားနေတာကြတာတွေကို social media မှာချမပြသင့်ဘူးဆိုတဲ့ ရန်ရန်ချမ်း



ဝါရင့်ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်း ကတော့ တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ နာမည်ကျော်အက်ဆစ်အဖွဲ့ဝင်ပဲ ဖြစ်ပါတယ်။



သူဟာမြန်မာပြည်ကို စစ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။


ဒါကြောင့် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅ ဖြင့်တရားစွဲဆိုခံထားရပြီးနောက် လက်ရှိမှာ မိသားစုနဲ့အတူ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။


” ဒီပုံလေးကိုအကြောင်းပြုပြီး ခုရန်ကုန်ကညီငယ်တွေညီမငယ်တွေ တော်လှန်ရေးသပ်သပ်ပျော်ပါးနေကြတာသပ်သပ်ဖြစ်နေတာလေးကိုခိုင်းနိုင်းပြီးပြောပြချင်တယ်။

၂၀၀၇ရွှေဝါရောင်အရေးအခင်းတုန်းကခုလိုပဲရဟန်း/ပြည်သူအားလံုးပါဝင်ခဲ့ကြပြီးကမ္ဘာကသိခဲ့တဲ့လူထုလှုပ်ရှားမှုဖြစ်ခဲ့တယ်ဆိုတာအားလုံးအသိပဲ …..အဲ့အချိန်တုန်းက ငါလည်းမင်းတို့လိုပဲဘာသိဘာသာအေးဆေးပဲနေခဲ့တယ် အဓိကကနိုင်ငံရေးအများကြီးနားမလည်သလို လူကပဲရင့်ကျက်မှုနောက်ကြတယ်ပဲပြောရမလားကိုယ်နေတတ်သလိုပဲနေရင်း မင်းတို့ခုသောင်းကြမ်းသလိုဖွင့်တဲ့Bar တွေ Club တွေသွားတယ်ဆိုတာထက်ပိုတဲ့သောင်းကြမ်းနည်းနဲ့ပျော်ပါးလာခဲ့ကြတာ အဲ့တော့ငါမင်းတို့ကိုနားလည်တယ်ဆိုတာသိစေချင်တယ်။ တစ်ချိန်ထဲမှာပဲငါတို့‌ေကာင်”မောင်ကျော်” ကဆန္ဒပြပွဲတွေမှာ မမောမပန်းတက်ကြွစွာဒိုးနေတဲ့အချိန်….. သူ့မှန်းသိတဲ့ပြည်သူတွေကအားပေးကြနှုတ်ဆက်ကြပေါ့…..


အဲ့ချိန်ငါကလမ်းထဲကနေဘာတွေဖြစ်နေလည်းနားဆွင့်လိုက် ရပ်ကွက်ထဲကဘော်ဒါတွေရိုက်ကူးရေးလုပ်တဲ့နေရာတွေ(အဲ့တုန်းကသတင်းဌာနတွေကိုပို့ဖို့အရမ်းခက်ခဲတဲ့အချိန်ပေါ့) ကနေလိုက်ချောင်းလိုက်လုပ်နေရုံထက်မပိုခဲ့ဘူး…..ခုဏပြန်ဆက်ရရင် ဆန္ဒပြနေတဲ့အချိန်လူတွေကသူ့ကိုတွေ့လို့ကိုယ့်ကိုမေးရင်ငါ့ကောင်က YCပါတယ်ရှေ့မှာ /နောက်မှာပါတယ်ဘာညာနဲ့ကိုယ့်ကိုပြောပေးခဲ့တယ်။


ခုနွေးဦးတော်လှန်ရေးဟာငါတို့နိုင်ငံလေးတစ်ကယ်ကြီးအရှိန်ရစပြုနေတာကိုဖျက်လို့ဖျက်စီးလုပ်လို့စိတ်ကိုလုံးဝမထိန်းနိုင်တာရော 2007မှာဘာသိဘာသာနေခဲ့မိတဲ့အကြွေးကိုစပ်ချင်တာရောကြောင့် စိတ်ရောကိုယ်ရောနှစ်ပြီးပါခဲ့တယ် ။ ဆိုလိုချင်တာက ငါလည်းမင်းတို့လိုပျော်ပါးတတ်တဲ့ကောင်ပဲခုဒီတစ်ခေါက်ကတော့တိုင်းပြည်


ကိုအောက်ဆုံးထိဆွဲချသွားတဲ့အတွက်အဲ့အချိန်မှာငါတို့တွေဟာ လူကြီး လူလတ် လူငယ် အားလုံးတစ်ညီတစ်ညွှတ်ထဲတိုက်ဖို့လိုတယ် …..အဲ့လိုတိုက်ရာမှာလည်းလူတိုင်းလက်နက်ကိုင်ပြီးတောထဲသွားဖို့မဖြစ်နိုင်တာမှန်ပေမဲ့အသက်ပေးပြီးတိုက်နေရတဲ့သူတွေကိုငဲ့ကြရမယ် သူတို့ကအသက်ပေးနေတဲ့အချိန်(အထူးသဖြင့်ရန်ကုန်လိုနေရာမျိုး)မင်းတို့ကဆိုင်‌ေတွမှာသောက်စားနေတာတွေ social media လိုမျိုးမှာချမပြသင့်ဘူး…..


သူတို့နေရာမှာမင်းတို့လို့သဘောထားကြည့်ဘယ်လိုခံစားရမလည်းစကစ ကဒါမျိုးသဘောသိပ်ကြ ဖွင့်စမ်းဆိုင်တွေ ပျော်စမ်း ကွဲစမ်း ပြဲစမ်းလီးဖြစ်လားပေါ့ (sorry) နောက်ဆုံး‌ေပြာချင်တာက မနေနိုင်လို့သောက်စားပျော်ပါးချင်ကြတယ်ဆိုလည်း အများမြင်အောင်ချမပြနဲ့ မရဘူးပြချင်တယ်လုပ်တယ်ကွာ ဘာဖြစ်လည်းဆိုရင်တော့ စကစလူလို့ပဲ သဘောထားရတော့မှာပဲ ဒီလောက်ပါပဲ”လို့ ရေးသားထားတာကို တွေ့ရပါတယ်။



မနေနိုင်လို့သောက်စားပျော်ပါးပြီး အများမြင်အောင်ချင်တယ်ဆိုရင်တော့ စကစလူလိုပဲ သဘောထားတော့မယ်လို့ သူ့ရဲ့သဘောထားကိုလဲ ပြတ်ပြတ်သားသား ပြောထားပါတယ်။