နွေရာသီတွင် ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးလာတော့မယ့် ယူနိုက်တက်


နွေရာသီတွင် ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးလာတော့မယ့် ယူနိုက်တက်

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ဘက်ကသူ့အတွက်ကမ်းလှမ်းမှုများကိုလက်ခံစဉ်းစားလာတော့မှာဖြစ်လို့အိုးထရက်ဖို့ဒ်မှထွက်ခွာလာနိုင်ဖို့ရှိနေပါတယ်။


ယူနိုက်တက်ဟာချန်ပီယံလိဂ်ကစားလိုမှုနှင့်အတူ နွေရာသီအစောပိုင်းကတည်းကအသင်းပြောင်းလိုကြောင်းယူနိုက်တက်ကိုအသိပေးထားပါတယ်။


ယူနိုက်တက်ဟာယခုရာသီအစတွင်ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဆက်ရှုံးနိမ့်ထားပြီးအသက်၃၇နှစ်ရှိကစားသမားရဲ့အသင်းပြောင်းခွင့်တောင်းဆိုထားမှုကအသင်းအပေါ်ရိုက်ခတ်လျက်ရှိနေမှုနှင့်အတူသူ့အတွက်ကမ်းလှမ်းမှုများကိုနားထောင်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။




ယူနိုက်တက်ဟာအပြောင်းအရွှေ့ဈေးကွက်ပိတ်ရန်နှစ်ပတ်သာလိုတော့တဲ့ကာလအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုရောင်းချကာအက်သလက်တီကိုမှတိုက်စစ်သမားမားသီးယပ်စ်ကန်ဟာကိုခေါ်ယူရန်ကြိုးပမ်းနေပါတယ်။


ယူနိုက်တက်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲတွင်၁ဂိုးတည်းသာရထားပြီးယင်းတစ်ဂိုးမှာလည်းပြိုင်ဘက်ကစားသမားရဲ့ Own Goal မှဆင့်ရရှိထားတာဖြစ်ပါတယ်။




ယူနိုက်တက်ဟာအသက်၂၃နှစ်ရှိအက်သလက်တီကိုတိုက်စစ်သမားအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၄၀ဝန်းကျင်ဖြင့်ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။


ဘရာဇီးတိုက်စစ်သမားဟာပြီးခဲ့တဲ့နှစ်နွေတုန်းကအက်သလက်တီကိုသို့ပေါင်၂၄သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကအက်သလက်တီကိုအတွက်လာလီဂါပွဲ၂၉ပွဲကစားရာမှာ၆ဂိုးတည်းသာသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။


>