စတိတ်စင်နောက်မှာ အမြဲတမ်းစောင့်ကြည့်ဂရုစိုက်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူဇေယျာသော်ကို သတိရနေတဲ့ T-Zin


စတိတ်စင်နောက်မှာ အမြဲတမ်းစောင့်ကြည့်ဂရုစိုက်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူဇေယျာသော်ကို သတိရနေတဲ့ T-Zin

ရှိုးပွဲတွေသီဆိုတိုင်း စတိတ်စင်နောက်မှာ အမြဲတမ်းစောင့်ကြည့်ဂရုစိုက်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူဇေယျာသော်ကို သတိရနေတဲ့ T-Zin



ရှိုးပွဲတွေသီဆိုတိုင်း စတိတ်စင်နောက်မှာ အမြဲတမ်းစောင့်ကြည့်ဂရုစိုက်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူဇေယျာသော်ကို သတိရနေတဲ့ T-ZinACID အဖွဲ့ရဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တဲ့ ဇေယျာသော်ကတော့ သူ


ချစ်တဲ့တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ရင်း ဂုဏ်သိက္ခာရှိရှိ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဇေယျာသော်ကွယ်လွန်ခြင်းအတွက် တစ်နိုင်ငံလုံးက ပြည်သူတွေက စိတ်မကောင်းဖြစ်ကြသလို


ဇေယျာသော်ရဲ့ အနီးကပ်မိသားစုဝင်တွေကတော့ ပိုပြီး သတိရနေကြတာပဲဖြစ်ပါတယ်။ဇေယျာသော် ကွယ်လွန်သွားတာ တစ်လနီးပါးရှိခဲ့ပြီဆိုပေမယ့် ပရိသတ်တွေကမေ့မရသလို သူ့ရဲ့ဇနီးဖြစ်တဲ့



အဆိုတော် T-Zin ကလည်း အတူတူရှိခဲ့ဖူးတဲ့ ခင်ပွန်းဖြစ်သူကို အမြဲတမ်းသတိရနေဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း T-Zin က သူမသီဆိုတဲ့ ရှိုးပွဲတိုင်းကို အမြဲတမ်းစောင့်ကြည့်ပေးခဲ့တဲ့ ဇေယျာသော်ရဲ့ ပုံရိပ်လေးကို မျှဝေရင်း “အနားမှာအမြဲရှိနေခဲ့သူ” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။



ဇေယျာသော်ကတော့ သူချစ်တဲ့တိုင်းပြည်ကြီးအတွက် အသက်ကိုတောင် စတေးသွားခဲ့ပြီဖြစ်သလို သူ့ရဲ့ကျန်ရစ်သူမိသားစုဝင်တွေဟာလည်း ဇေယျာသော်အတွက် စိတ်မကောင်းဖြစ်ကြသလို အမြဲတမ်းအတွက်လည်း ဂုဏ်ယူနေမယ်လို့ ထင်ပါတယ်နော်။

Credit