အိမ်ပြန်ခွင့်ရမယ်ဆိုရင် ခနလောက်ဖြစ်ဖြစ်ပြန်ပီး အမေနဲ့တွေချင်ကြောင်းပြောလိုက်တဲ့ မူးလာ


အိမ်ပြန်ခွင့်ရမယ်ဆိုရင် ခနလောက်ဖြစ်ဖြစ်ပြန်ပီး အမေနဲ့တွေချင်ကြောင်းပြောလိုက်တဲ့ မူးလာ

မဂ်လာပါ New state ပရိတ်သတ်ကြီးတို့ရေ Myanmar Idol Season 4 မှာ ဝင်ရောက်ယျဉ်ပြိုင်ခဲ့ပြီး Top-4 ထိတတ်ရောက်နိုင်ခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ ကိုတော့ လူတိုင်းမှတ်မိလိမ့်မယ်ထင်ပါတယ်။


သူဟာအသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ရော့ခ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ ရော့ခ်အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်


မူးလာ ဟာလက်ရှိမှာ အမှန်တရားဘက်တော်သားဖြစ်တာကြောင့် ဒီမိုကရေစီတိုက်ပွဲကို ပြည်သူတွေနဲ့ အတူတူ တိုက်ပွဲဝင်လျက်ရှိပါတယ်။


ဒါကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိပြီး ကျရာတာဝန်ကိုထမ်းဆောင်နေတာပဲဖြစ်ပါတယ်။


မိသားစုနဲ့ဝေးကွာပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မူးလာ ဟာ တစ်ခါတလေ အိမ်ကိုအရမ်းလွမ်းမိတယ်လို့ ရင်ဖွင့်ထားပါသေးတယ်။

အဆိုတော် မူးလာ ဟာအနေအစားဆင်းရဲလွန်းတဲ့ လွတ်မြောက်နယ်မြေမှာ အဆင်ပြေသလိုနေထိုင်ရပြီး အမေနဲ့မိသားစုကို လွမ်းတဲ့အကြောင်းကို


” ကျန်းမာရေးချူချာလို့ တယောက်ထဲ အဆင်မပြေဖြစ်နေရင် ဘာပဲတောင်းဆိုတောင်းဆို မသက်သာမချင်း ပြုစုပေးတဲ့ အမေနဲ့ မိသားစုကို ပိုပိုလွမ်းတယ် သို့ပေမယ့် သား အဆင်ပြေပါတယ်” လို့ မူးလာ ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။


မူးလာ တစ်ယောက်လဲ ဘေးကင်းကျန်းမာစွာနဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပြီးတော့ ချစ်တဲ့အနုပညာလုပ်ငန်းတွေကိုလဲ အမြန်ဆုံးပြန်လည် လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


>