အဝေးပြေးယာဉ်တွေမှာ လူမဲ့တန်ဆာတင်ခွင့်မပြုပါက ယာဉ်လိုင်းများရပ်နားသွားနိုင်တယ် လို့ ယာဉ်လိုင်းပိုင်ရှင်တွေပြော


အဝေးပြေးယာဉ်တွေမှာ လူမဲ့တန်ဆာတင်ခွင့်မပြုပါက ယာဉ်လိုင်းများရပ်နားသွားနိုင်တယ် လို့ ယာဉ်လိုင်းပိုင်ရှင်တွေပြော

ရန်ကုန်တိုင်းဒေသကြီးကနေ တိုင်းနဲ့ပြည်နယ်အသီးသီးကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေမှာ လူမဲ့တန်ဆာပစ္စည်းတင်ဆောင်တာတွေ ခွင့်မပြုပါက ယာဉ်လိုင်းတွေ ရပ်နားသွားရမယ့် အခြေအနေတွေရှိလာနိုင်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေကပြောပါတယ်။


အဝေးပြေးယာဉ်တွေမှာ လုံခြုံရေးအရ လူမဲ့တန်ဆာပစ္စည်းတင်ဆောင်တာတွေ ခွင့်မပြုကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကန့်သတ်မှုတွေရှိလာပြီး လက်ရှိကာလခရီးသည်နည်းပါးတဲ့အတွက်


ကုန်စည်ပို့ဆောင်ရေးကို သာ အဓိကထားအားကိုးနေရလို့ အခုလို ကန့်သတ်လာမယ်ဆိုရင် ယာဉ်လိုင်းတွေ ရပ်နားသွားရမယ့် အခြေအနေရှိလာမှာဖြစ်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးကပြောပါတယ်။


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ပြီးခဲ့တဲ့ရက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေးနှင့်


အောင်ဆန်းကွင်းကားဂိတ်တို့ ကနေ ပြေးဆွဲနေတဲ့ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းတွေကို အရင်ကတည်းက လူမဲ့တန်ဆာတင် ဆောင် တာ ခွင့်မပြုထားသလို ခရီးသည်နဲ့အတူပါလာတဲ့ ကုန်စည်ကိုသာ တင်ဆောင်ခွင့်ပြုထားတာလို့ပြောကြားခဲ့ပါတယ်။


ကိုဗစ်ကာလဖြစ်တဲ့အတွက်ယာဉ်လိုင်းတွေက ခရီးသည်တွေနည်းပါးချိန် နားလည်မှုနဲ့ လူမဲ့တန်ဆာတင်ဆောင်နေတာဖြစ်ပြီး လက်ရှိ ကုန်စည်မတင်ရကန့်သတ်ချက်တွေကလည်း


လုံခြုံရေးအရ တာဝန်ရှိသူတွေက ကန့်သတ်တာဖြစ်သလို YRTA နဲ့ သက်ဆိုင်တာမရှိဘူးလို့ ပြောပါတယ်။


လူမဲ့ တန်ဆာတွေ တင်ဆောင်ခွင့်မပြုတော့ဘူးဆိုရင် ရန်ကုန်ကနေ တခြားမြို့တွေကို ပါဆယ်ပစ္စည်း၊ကုန်စည်တွေပို့တဲ့အခါ ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးနဲ့ အခြားကုန်တင်ယာဉ်တွေနဲ့သာ ပို့ဆောင်ရမယ့် အခြေအနေဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိစစ်ကောင်စီအနေနဲ့ အဝေးပြေးကားတွေနဲ့တန်ဆာပစ္စည်း တင်ပို့မှုတွေမှာ ဒရုန်း၊မှန်ဘီလူး၊သံထည်ပစ္စည်းတွေအပါအဝင်


ပစ္စည်း ၁၉ မျိုးကိုကန့်သတ်ပြီး စစ်ဆေးရေးတင်းကျပ်တာတွေရှိတယ်လို့ အဝေးပြေးယာဉ်လိုင်းတွေဆီကနေ သိရပါတယ်။


>