၂၀၂၂ Ballon d’Or ဆုအတွက် ဇကာတင် အယောက်၃၀ လူစာရင်းမှာတောင် မပါဝင်ခဲ့တဲ့ Ballon d’Or ဆု (၇) ကြိမ် ရ လီယွန်နယ်မက်ဆီ


၂၀၂၂ Ballon d’Or ဆုအတွက် ဇကာတင် အယောက်၃၀ လူစာရင်းမှာတောင် မပါဝင်ခဲ့တဲ့ Ballon d’Or ဆု (၇) ကြိမ် ရ လီယွန်နယ်မက်ဆီ

Lionel Messi နဲ့ Neymar တို့ဟာ Ballon d’Or ဇကာ တင်စာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ Karim Benzema နဲ့ Cristiano Ronaldo တို့တော့ ပါဝင်နိုင်ခဲ့ပါတယ်။


Ballon d’Or ဆု (၇) ကြိမ်ရရှိခဲ့တဲ့ Lionel Messi ကို အယောက် (၃၀) ဇကာတင်စာရင်းမှာ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၂၀၀၅ ခုနှစ်ကစလို့ ပထမဆုံးအကြမ် အခုလိုမပါဝင်ခဲ့ခြင်းပါ။




Argentina ကြယ်ပွင့်ဖြစ်သူက အရင်နှစ်ကတော့ Poland ရှေ့တန်းသမား Robert Lewandowski ကို ကျော်လွန်ပြီး Ballon d’Or ဆုရရှိနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ Paris Saint-Germain အသင်း ပထမနှစ်ဝက်မှာ ကောင်းမွန်တဲ့ခြေစွမ်းမပြသနိုင်တာကြောင့် ဇကာတင်စာရင်းမှာတောင် မပါဝင်လာခဲ့ပါဘူး။


အသက် (၃၅) နှစ်အရွယ် ဘောလုံးကြယ်ပွင့်ကတော့ ၂၀၁၉ ခုနှစ်မှာလည်း ဒီဆုကို ရရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် ဆုပေးပွဲကျင်းပခြင်း မရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ Neymar ကလည်း ဇကာတင်စာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။




Lewandowski၊ Kylian Mbappé၊ Karim Benzema၊ Erling Haaland နဲ့ (၅) ကြိမ်ရခဲ့ပြီးသူ Cristiano Ronaldo တို့ကိုတော့ ဇကာတင်စာရင်းမှာ မြင်တွေ့ရသလို Mohamed Salah၊ Sadio Mané၊ Kevin De Bruyne၊ Harry Kane နဲ့ Son Heung-min တို့လည်း ပါဝင်လာနိုင်ခဲ့ပါတယ်။


အမျိုးသမီး အယောက် (၂၀) ဇကာတင်စာရင်းမှာတော့ Alexia Putellas၊ Ada Hegerberg၊ Sam Kerr နဲ့ Vivianne Miedema တို့ ပါဝင်လာခဲ့ပြီး United States ကစားသမားတွေဖြစ်တဲ့ Alex Morgan၊ Catarina Macario နဲ့ Trinity Rodman တို့ကိုလည်း ဒီစာရင်းမှာ မြင်တွေ့နိုင်ပါတယ်။




အမျိုးသားစာရင်းမှာတော့ Manchester City ကစားသမား (၆) ဦးဖြစ်တဲ့ Phil Foden၊ Joao Cancelo၊ De Bruyne၊ Riyad Mahrez၊ Bernardo Silva နဲ့ Haaland တို့ကို မြင်တွေ့ရပါတယ်။


Liverpool အသင်းကစားသမား (၆) ဦးဖြစ်တဲ့ Trent Alexander-Arnold၊ Luis Diaz, Fabinho၊ Darwin Nunez၊ Salah နဲ့ Virgil van Dijk တို့လည်း ပါဝင်ခဲ့ပါတယ်။




Real Madrid ကစားသမားတွေထဲမှာတော့ Benzema က ဦးဆောင်ထားနိုင်ပြီး Casemiro၊ Thibaut Courtois၊ Luka Modric၊ Vinicius Junior နဲ့ အသစ်ခေါ်ယူထားသူ Antonio Rudiger တို့လည်း ပါဝင်လာခဲ့ပါတယ်။


တခြားစံကားတင်ပါဝင်သူတွေကတော့ Sébastien Haller (Ajax)၊ Rafael Leao နဲ့ Mike Maignan (နှစ်ဦးလုံးက AC Milan အသင်းသားတွေ), Christopher Nkunku (Leipzig) နဲ့ Dusan Vlahovic (Juventus) တို့ပါပဲ။