ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ဘန်ဇီးမား၊ ကော့တွိုက်စ်နှင့်ကီဗင်ဒီဘရိုင်းပါဝင်


ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ဘန်ဇီးမား၊ ကော့တွိုက်စ်နှင့်ကီဗင်ဒီဘရိုင်းပါဝင်

မန်စီးတီးစတားကီဗင်ဒီဘရိုင်းနှင့်ရီးရဲလ်မက်ဒရစ်စတားများဖြစ်ကြတဲ့ကာရမ်ဘန်ဇီးမားနှင့်သီဘောက်ကော့တွိုက်စ်တို့ဟာယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်လာကြပါတယ်။


ယူအီးအက်ဖ်အေဟာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလာမယ့်ဩဂုတ်လ၂၅ရက်နေ့မှာကြေညာသွားမှာလည်းဖြစ်ပါတယ်။




ရီးရဲလ်မက်ဒရစ်ရဲ့ကော့တွိုက်စ်နှင့်ဘန်ဇီးမားတို့ဟာပြီးခဲ့တဲ့ရာသီတုန်းကလာလီဂါဖလားနှင့်ချန်ပီယံလိဂ်ဖလားတို့ဆွတ်ခူးခဲ့ကြသူများဖြစ်ပါတယ်။ဘန်ဇီးမားဟာချန်ပီယံလိဂ်အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။


ကီဗင်ဒီဘရိုင်းမှာလည်း၂၀၂၁-၂၂ဘောလုံးရာသီတုန်းကမန်စီးတီးကိုပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်နိုင်အောင်ကူညီနိုင်ခဲ့ပြီးနောက်ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။


ယူအီးအက်ဖ်အေဟာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်စာရင်းကိုကြေညာခဲ့ရာရီးရဲလ်မက်ဒရစ်ရဲ့ကာလိုအန်ဆယ်လော့တီ၊မန်စီးတီးနည်းပြဂွါဒီယိုလာနှင့်လီဗာပူးနည်းပြဂျာဂင်ကလော့ပ်တို့ပါဝင်လာကြပါတယ်။


လက်ရှိအချိန်တွင်ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဘန်ဇီးမားကရေပန်းစားနေသလိုအကောင်းဆုံးနည်းပြဆုအတွက်လည်းအန်ဆယ်လော့တီကရေပန်းစားနေပါတယ်။


>