အမျိုးသမီးတွေရဲ့ ရင်သား တွေနဲ့ ပတ်သတ်ပြီး အမျိုးသားတွေ သိချင်နေတဲ့ အချက် ( ၁၂ ) ချက်

2019-09-21 22:00:55


အမျိုးသမီးတွေရဲ့ ရင်သား တွေနဲ့ ပတ်သတ်ပြီး အမျိုးသားတွေ သိချင်နေတဲ့ အချက် ( ၁၂ ) ချက်

ရှင်းရှင်းပဲပြောရအောင်… လူတွေက ဆန့်ကျင်ဘက်လိင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စိတ်ဝင်စားကြတာပဲမလား ။ အမျိုးသားတွေကလည်း အမြဲတမ်းလိုပဲ အမျိုးသမီးတွေရဲ့ ရင်သားတွေကို

စိတ်ဝင်စားနေတာပဲဆိုတော့ …အခုအမျိုးသားတွေ သိချင်နေတဲ့မေးခွန်းလေးတွေကိုဖြေပေးထားပါတယ် ။


၁. လှေကားပြေးတက် ပြေးဆင်းတဲ့အခါ အဆင်မပြေမဖြစ်ဘူးလား


ဒါကတော့အခြေအနေပေါ်မူတည်တယ်…ပုံမှန်အားဖြင့်တော့ အဆင်မပြေတာမျိုးမရှိပါဘူး ။

အမျိုးသမီးတွေရဲ့ အောက်ခံအင်္ကျီအနေအထားမကျတဲ့ ဒါမှမဟုတ် ဓမ္မတာလာနေတဲ့အချိန်မှာတော့ ပြဿနာနဲနဲရှိတယ် ။

ရင်သားကြီးကြီးရှိတဲ့အမျိုးသမီးတစ်ယောက်ဆိုရင်တော့ ပြေးဆင်းတဲ့အခါမှာ နဲနဲတော့ နာကျင်မှုရှိတာပေါ့ ။


၂. ဘယ်လိုမျိုးအနေအထားမှာ အလှဆုံးလို့ပြောချင်လဲ


ရင်သားအနေအထားဆိုတာကတော့ ဆံပင်လိုပါပဲ ။

နေသားကျနေတဲ့အခါမှာ ကြည့်ကောင်းတယ် ။

ပြောရမယ်ဆိုရင် တီရှုပ်အောက်မှာ လှလှပပလေး အဝေ့အဝိုက်လေးဖြစ်နေတာမျိုးပေါ့ ။




၃. ရင်ဘတ်မလေးဘူးလား


ဒီလိုတွေးတဲ့အတွက်တော့ အမျိုးသားတွေကိုအပစ်မတင်သင့်ပါဘူး ။

ဒါပေမယ့်လည်း ရင်သားတွေက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလိုပဲ..ဘယ်လိုမှကိုမခံစားရပါဘူး ။


၎. Bra ဝတ်ရတာ စိတ်ကျေနပ်စရာကောင်းလား


အောက်ခံမှာ ကြိုးအမာပါတဲ့ Bra တွေဝတ်ရတာတော့သိပ်မဆိုးပါဘူး ။

တစ်နေကုန်ဝတ်ထားရတော့ ညဘက်ရောက်တဲ့အခါ သက်တောင့်သက်သာမရှိပဲယားယံလာတယ် ။

ဒီတော့ လွတ်လွတ်လပ်လပ်ပဲထားချင်တာပေါ့ ။


၅. အလုပ်လုပ်ရတာ အနှောက်အယှက်မဖြစ်ဘူးလား


ဒါကတော့တုံးလွန်းသွားပြီ..သင်တို့ပေါင်ကြားကဟာကရော လမ်းလျောက်ရင်အနှောက်အယှက်ပေးလား ။

ရင်သားတွေဆိုတာကလည်း အမျိုးသမီးတွေရဲ့ နားရွက်တို့နှာခေါင်းတို့နဲ့ အတူတူပါပဲ ။


၆. ဘယ်လောက်အတွေ့အထိခံစားနိုင်လဲ


သင့်ဟာကို သင်တစ်ချက်လောက်ထိုးကြည့်လိုက်ပါလား…အဲ့ဒီခံစားမှုနဲ့ထပ်တူညီခံစားနိုင်တယ် ။


၇. နို့သီးခေါင်းလေးတွေဟာ ရင်သားနဲ့အတူကြီးလာတာလား


ဟုတ်ပါတယ်…အရွယ်တစ်ခုအထိပေါ့…နောက်ပိုင်းမှာတော့ရင်သားပဲဆက်ကြီးလာပြီး နို့သီးခေါင်းလေးတွေကတော့ အညိုရောင်ပြောင်းသွားပါတယ် ။




၈. Bras တွေဝတ်ရတာ အသက်ရှုမကြပ်ဘူးလား


မိန်းကလေးတွေကဘယ်တော့မှ အဆင်မပြေတဲ့ Bras မျိုးတွေမဝတ်ချင်ကြဘူး ။

ဘာကြောင့်လဲဆိုတော့ ဖြစ်လာမယ့်ပြဿနာကိုသူတို့သိပြီးသားပဲ ။

တင်းကြပ်နေတာ…ထုပ်နေတာမျိုးက နာကျင်မှုရှိတယ် ။

ဒီတော့ အဲ့လို Bra မျိုးဝတ်မယ်ဆိုရင် အသက်ရှူကြပ်နိုင်ကိန်းရှိတယ် ။


၉. အမျိုးသမီးတွေက ရင်သားတွေနဲ့ကစားတတ်လား


အင်း…သင်တို့ရော သင်တို့ဟာနဲ့ကစားတတ်လား….အတူတူပဲပေါ့…. ။


၁၀. တစ်ဖက်နဲ့တစ်ဖက်အရွယ်မတူတာမျိုးရှိလား


တစ်ခါတစ်လေမှာတော့ အရွယ်မတူတဲ့သူတွေရှိတတ်တယ်..ဒါပေမယ့်လည်း နဲနဲလေးပဲကွာတာဆိုတော့ သိပ်မသိသာပါဘူး ။




၁၁. ရင်သားတွေက အမျိုးသားတွေကို ဆွဲဆောင်ဖို့လား


ဒါကတော့ အမျိုးသမီးအချင်းချင်းဘယ်တုန်းကမှရင်သားအကြောင်းထိုင်မပြောကြဘူး။

ဒါပေမယ့် ရင်သားရှိတာကိုတော့ အမျိုးသမီးတိုင်းသဘောကျတာပဲ ။


၁၂. ဓမ္မတာလာနေတဲ့အချိန်မှာ ထူးခြားတာမျိုးရှိတယ်


အရမ်းကို နာကျင်တဲ့အချိန်ပေါ့…..ဖြည်းဖြည်းလေးဝင်တိုက်မိတာတောင်မှအရမ်းနာကျင်တဲ့အချိန်ပေါ့ ။


Writer_ Min Thu ( XYZ NEWS )