အိမ္သာထဲ ဖုန္းသုံးျခင္းေၾကာင့္ လူတိုင္းကို မေျပာရဲ၊ ေဆးခန္းေတာင္ ျပရမွာရွက္စရာ ေကာင္းတဲ့ ေရာဂါျဖစ္ႏုိင္

2019-09-21 21:33:16


အိမ္သာထဲ ဖုန္းသုံးျခင္းေၾကာင့္ လူတိုင္းကို မေျပာရဲ၊ ေဆးခန္းေတာင္ ျပရမွာရွက္စရာ ေကာင္းတဲ့ ေရာဂါျဖစ္ႏုိင္

“အျဖစ္ခ်င္ဆုံး ေရာဂါနဲ႔ မျဖစ္ခ်င္ဆုံး ေရာဂါကို ေျပာစမ္း”ဆုိတဲ့ လူရႊင္ေတာ္ေတြ ေနာက္ေျပာင္ေလ့ရွိတဲ့ ျပက္လုံးေလးက အေတာ္ေလး ရယ္ဖုိ႔ ေကာင္းပါတယ္။ ျပန္ေျဖတဲ့ လူရႊင္ေတာ္က ” အျဖစ္ခ်င္ဆုံးေရာဂါက ဝဲေရာဂါပဲကြ … ယားလုိက္၊ ကုတ္လုိက္၊ ဇိမ္ခံလုိက္ “ဆုိၿပီး ေျဖပါတယ္။


မျဖစ္ခ်င္ဆုံးေရာဂါအတြက္ “မျဖစ္ခ်င္ဆုံး ေရာဂါကေတာ့ လိပ္ေခါင္းေရာဂါပဲ .. သူမ်ားလည္း မျပခ်င္ဘူး .. ကိုယ္တုိင္လည္း မၾကည့္ခ်င္ဘူး “လုိ႔ ေျဖပါသတဲ့။ အခုလည္း အိမ္သာထဲမွာ ဖုန္းယူသြားေလ့ရွိတဲ့ ကုိကုိမမေတြ အထူးသတိထားရမယ့္ အရာေလးကေတာ့ ရွိေနပါတယ္။


အဲဒါကေတာ့ ဖုန္းနဲ႔မွ အိမ္သာတက္ခ်င္သူေတြအေနနဲ႔ မျဖစ္ခ်င္တဲ့ေရာဂါ ျဖစ္ရဖုိ႔ရွိတယ္လုိ႔ ပညာရွင္ေတြက သတိေပးလုိက္တာပါ။ အိမ္သာထဲမွာထုိင္ၿပီး ဖုန္းၾကာရွည္သုံးတဲ့အက်င့္က လိပ္ေခါင္းေရာဂါကုိ ျဖစ္ေစႏုိုင္သလုိ၊ တစ္ျခား က်န္းမာေရးျပႆနာေတြလည္း ေစာင့္ေမွ်ာ္ေနပါသတဲ့။


(၅၇)%ေသာ ၿဗိတိန္ေတြဟာ အိမ္သာတက္တုိင္ ဖုန္းသုံးေလ့ရွိေၾကာင္း ဝန္ခံခဲ့ၿပီး၊ (၈)%ကေတာ့ “အၿမဲတမ္း ဖုန္းသုံးေလ့ရွိတယ္”လုိ႔ ေျပာပါတယ္။ လိပ္ေခါင္းေရာဂါရဲ႕ ေရွ႕ေျပးလကၡဏာေတြကေတာ့- (၁)အိမ္သာတက္တုိင္း ေသြးထြက္နာက်င္ျခင္း (၂) စအုိယားယံျခင္း၊ (၃) အိမ္သာက ထြက္လာတုိင္း အိမ္သာတက္ခ်င္သလုိလုိ ျဖစ္ျခင္း-



(၄) အတြင္းခံ၊ အိမ္သားသုံးတစ္႐ွဴးေတြမွာ ေစးကပ္ကပ္အရည္ေတြ ကပ္ေနတတ္ျခင္း၊ (၅) စအုိေဘးမွ အက်ိတ္အဖုမ်ား ထြက္ျခင္း၊ (၆) စအုိတဝုိက္မွာ နာက်င္ျခင္း စတဲ့အခ်က္ေတြ ျဖစ္ေပၚတတ္ပါတယ္။ အကယ္၍ ဖုန္းသုံးရင္းအိမ္သာတက္သူမ်ား ဒီလုိ လကၡဏာေတြျဖစ္လာရင္ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။


အထက္ပါ လိပ္ေခါင္းစစ္တမ္းကိုေတာ့ YouGov ကေန ေကာက္ယူခဲ့တာျဖစ္ၿပီး၊ ဖုန္းပါမွ အိမ္သာတက္ရတာ အဓိပၸါယ္ရွိတယ္ဆုိတဲ့သူေတြအတြက္ေတာ့ ေနာင္တစ္ခ်ိန္မွာ အေတာ္ေလး စုိးရိမ္စရာပါ။ ဒါေပေမယ့္ လက္ရွိအခ်ိန္ထိေတာ့ အိမ္သာ+ဖုန္းေၾကာင့္ ဆက္စပ္တဲ့ လိပ္ေခါင္းေရာဂါရယ္လုိ႔ တိတိက်က် စာရင္းမရွိေသးပါဘူး။


နတ္သူႀကီး APANNPYAY


ယူနီကုဒ်ဖြင့်ဖတ်ရန်-


“အဖြစ်ချင်ဆုံး ရောဂါနဲ့ မဖြစ်ချင်ဆုံး ရောဂါကို ပြောစမ်း”ဆိုတဲ့ လူရွှင်တော်တွေ နောက်ပြောင်လေ့ရှိတဲ့ ပြက်လုံးလေးက အတော်လေး ရယ်ဖို့ ကောင်းပါတယ်။ ပြန်ဖြေတဲ့ လူရွှင်တော်က ” အဖြစ်ချင်ဆုံးရောဂါက ဝဲရောဂါပဲကွ … ယားလိုက်၊ ကုတ်လိုက်၊ ဇိမ်ခံလိုက် “ဆိုပြီး ဖြေပါတယ်။




မဖြစ်ချင်ဆုံးရောဂါအတွက် “မဖြစ်ချင်ဆုံး ရောဂါကတော့ လိပ်ခေါင်းရောဂါပဲ .. သူများလည်း မပြချင်ဘူး .. ကိုယ်တိုင်လည်း မကြည့်ချင်ဘူး “လို့ ဖြေပါသတဲ့။ အခုလည်း အိမ်သာထဲမှာ ဖုန်းယူသွားလေ့ရှိတဲ့ ကိုကိုမမတွေ အထူးသတိထားရမယ့် အရာလေးကတော့ ရှိနေပါတယ်။


အဲဒါကတော့ ဖုန်းနဲ့မှ အိမ်သာတက်ချင်သူတွေအနေနဲ့ မဖြစ်ချင်တဲ့ရောဂါ ဖြစ်ရဖို့ရှိတယ်လို့ ပညာရှင်တွေက သတိပေးလိုက်တာပါ။ အိမ်သာထဲမှာထိုင်ပြီး ဖုန်းကြာရှည်သုံးတဲ့အကျင့်က လိပ်ခေါင်းရောဂါကို ဖြစ်စေနိုုင်သလို၊ တစ်ခြား ကျန်းမာရေးပြဿနာတွေလည်း စောင့်မျှော်နေပါသတဲ့။


(၅၇)%သော ဗြိတိန်တွေဟာ အိမ်သာတက်တိုင် ဖုန်းသုံးလေ့ရှိကြောင်း ဝန်ခံခဲ့ပြီး၊ (၈)%ကတော့ “အမြဲတမ်း ဖုန်းသုံးလေ့ရှိတယ်”လို့ ပြောပါတယ်။ လိပ်ခေါင်းရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကတော့- (၁)အိမ်သာတက်တိုင်း သွေးထွက်နာကျင်ခြင်း (၂) စအိုယားယံခြင်း၊ (၃) အိမ်သာက ထွက်လာတိုင်း အိမ်သာတက်ချင်သလိုလို ဖြစ်ခြင်း-


(၄) အတွင်းခံ၊ အိမ်သားသုံးတစ်ရှူးတွေမှာ စေးကပ်ကပ်အရည်တွေ ကပ်နေတတ်ခြင်း၊ (၅) စအိုဘေးမှ အကျိတ်အဖုများ ထွက်ခြင်း၊ (၆) စအိုတဝိုက်မှာ နာကျင်ခြင်း စတဲ့အချက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ အကယ်၍ ဖုန်းသုံးရင်းအိမ်သာတက်သူများ ဒီလို လက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။


အထက်ပါ လိပ်ခေါင်းစစ်တမ်းကိုတော့ YouGov ကနေ ကောက်ယူခဲ့တာဖြစ်ပြီး၊ ဖုန်းပါမှ အိမ်သာတက်ရတာ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့သူတွေအတွက်တော့ နောင်တစ်ချိန်မှာ အတော်လေး စိုးရိမ်စရာပါ။ ဒါပေမေယ့် လက်ရှိအချိန်ထိတော့ အိမ်သာ+ဖုန်းကြောင့် ဆက်စပ်တဲ့ လိပ်ခေါင်းရောဂါရယ်လို့ တိတိကျကျ စာရင်းမရှိသေးပါဘူး။


နတ်သူကြီး APANNPYAY