ဦးကျော်မိုးထွန်းကို ဒုက္ခပေးရန် စကစမှလွတ်လိုက်သော သံရုံးအရာရှိ ထွန်းနောင်ဆိုသူကို ပြတ်ပြတ်သားသားဆန့်ကျင်ရှုတ်ချဖို့လို……… see more


ဦးကျော်မိုးထွန်းကို ဒုက္ခပေးရန် စကစမှလွတ်လိုက်သော သံရုံးအရာရှိ ထွန်းနောင်ဆိုသူကို ပြတ်ပြတ်သားသားဆန့်ကျင်ရှုတ်ချဖို့လို……… see more

“ဒီကိစ္စက အာရုံစိုက်ဖို့ လိုအပ်တဲ့ ကိစ္စပါ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒုက္ခပေးဖို့၊ ထိန်းချုပ်ဖို့ စစ်ကောင်စီက လွှတ်လိုက်တဲ့ သံရုံးအရာရှိ ထွန်းနောင်ဆိုသူဟာ မကြာခင် USကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။


ပြည်သူ့ဘက်ကမားမားမတ်မတ်ရပ်တည်နေတဲ့ဦးကျော်မိုးထွန်းနဲ့CDM သံဝန်ထမ်းတွေကိုဒုက္ခပေးဖို့ နေပြည်တော်ကနေ ထွန်းနောင်ဆိုသူ အမေရိကားကိုလာဖို့ Visaရသွားပါပြီ။ အမေရိကန်ဗီဇာဘယ်လိုရလဲဆိုတော့ အေးဓါးပြတိုက်တဲ့နည်းနဲ့ရတယ်။နောက်မှအသေးစိတ်သတင်းတွေ

ထွက်လာပါလိမ့်မယ်။


ထွန်းနောင်က နေပြည်တော်မှာနေတယ်။ တိမွေးကု/ တိရစ္ဆာန်ကုဘွဲ့ရပြီး မဆီမလျှော် နိုင်ငံခြားရေးမှာ ဒုညွှန်မှူးလုပ်နေတယ်။ မိစ္ဆာတွေရဲ့သံတမန်အဖြစ်လာမှာဆိုတော့ ဆရာဝန်တိရစ္ဆာန်ကောင်ပါ။


သူ့ကို အမေရိကားရောက်မြန်မာပြည်ဖွားများက

တွေ့ရာနေရာမှာဆန့်ကျင်ရှုတ်ချဖို့လိုပါတယ်။

ပြည်တွင်းမှာလည်း ထွန်းနောင်နဲ့ အနွယ်တော်တွေကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်။

ဦးကျော်မိုးထွန်းဟာ စကစကို သံတမန်ရေးရာပိုင်းမှာ အလဲထိုးထားနိုင်သူ ဖြစ်တဲ့အတွက် နေရာရော လူရော ကာကွယ်ပေးဖို့ အားလုံးမှာတာဝန်ရှိပါတယ်။


ဒီသတင်းက အရေးကြီးပါတယ်။ Social Punishmentကို ပြင်းပြင်းထန်ထန် ပြုလုပ်ဖို့ လိုအပ်သလို ထွန်းနောင် USကို ရောက်လာပြီး ဦးကျော်မိုးထွန်းခုံကို ဒုက္ခပေးမလာနိုင်ဖို့ လိုအပ်တာအားလုံး လုပ်ဆောင်ကြဖို့လိုသလို ရောက်လာမယ်ဆိုရင်လည်း အမေရိကန်ရောက် မြန်မာအားလုံးက ဥပဒေဘောင်ထဲက ပြင်းပြင်းထန်ထန် ဆန့်ကျင်မှာ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။


ဒီသတင်းကို ဖြန့်ဝေပေးကြပါ။ အမေရိကန်ရောက် Myanmar Community များအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည်ပေးကြပါလို့ တိုက်တွန်းပါရစေ။

အာဏာရှင်လက်တံမှန်သမျှ ချိုးဖြတ်ကြ။”