အသင်းစိတ်ဓာတ်ကို ထိခိုက်နေစေမှုကြောင့် ရော်နယ်ဒိုကို အမြန်ဆုံးထွက်ခွာစေလိုနေတဲ့ ယူနိုက်တက်စတားများ


အသင်းစိတ်ဓာတ်ကို ထိခိုက်နေစေမှုကြောင့် ရော်နယ်ဒိုကို အမြန်ဆုံးထွက်ခွာစေလိုနေတဲ့ ယူနိုက်တက်စတားများ

ယူနိုက်တက်စတားများဟာအပြောင်းအရွှေ့ပြဿနာကြောင့်အသင်းရဲ့စိတ်ဓာတ်ကိုထိခိုက်စေလျက်ရှိတဲ့စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုအမြန်ဆုံးရောင်းချစေလိုလျက်ရှိနေကြောင်းသိရပါတယ်။


အထူးသဖြင့်ယူနိုက်တက်စတားများဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကွင်းတွင်း/ကွင်းပြင်အပြုအမူများအပေါ်တွင်စိတ်ပျက်လျက်ရှိနေကြတာလည်းဖြစ်ပါတယ်။




ဒါကြောင့်လည်းစိတ်ပျက်ဒေါသထွက်နေကြတဲ့ယူနိုက်တက်ကစားသမားများဟာခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းကအမြန်ဆုံးရောင်းချစေလိုနေပါတယ်။


ခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းပြောင်းခွင့်တောင်းဆိုပြီးနောက်ယူနိုက်တက်ရဲ့ထိုင်း၊ဩစတြေးလျရာသီကြိုခြေစမ်းပွဲကစားစဉ်သို့လိုက်ပါခဲ့ခြင်းမရှိပါဘူး။




သူဟာဗယ်လီကာနိုနှင့်ရာသီကြိုခြေစမ်းပွဲတွင်၄၅မိနစ်ကစားခဲ့ပြီးပထမပိုင်းအပြီးတွင်လူစားလဲခံခဲ့ရပါတယ်။သူဟာလူစားလဲခြင်းခံရပြီးနောက်ပွဲပြီးဆုံးတဲ့အထိစောင့်ကြည့်ကာနည်းပြရဲ့ပွဲပြီးအမြင်ကိုနားမထောင်တော့ဘဲ ပွဲပြီးရန်၁၀မိနစ်အလိုတွင်ပင်အိုးထရက်ဖို့ဒ်မှထွက်ခွာသွားခဲ့ပါတယ်။




သူဟာဘရိုက်တန်ကို၂-၁ဖြင့်ရှုံးနိမ့်တဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်၄၅မိနစ်ပါဝင်ကစားခဲ့ပေမဲ့အသင်းကယ်တင်နိုင်ခဲ့ခြင်းမရှိပါဘူး။


ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့အေးဂျင့်ကသူ့ကစားသမားအတွက်သင့်တော်တဲ့ကမ်းလှမ်းမှုရရှိလာလျှင် လက်ခံရန်တောင်းဆိုထားပေမဲ့ယူနိုက်တက်ဘက်ကရောင်းချရန်ငြင်းဆိုထားပါတယ်။