တိုက်စစ်ပြဿနာကြုံနေရတဲ့ အသင်းဟောင်းယူနိုက်တက်အတွက် အခမဲ့ကစားပေးရန် ပရိသတ်အချစ်တော်ဟောင်းကမ်းလှမ်းလာ


တိုက်စစ်ပြဿနာကြုံနေရတဲ့ အသင်းဟောင်းယူနိုက်တက်အတွက် အခမဲ့ကစားပေးရန် ပရိသတ်အချစ်တော်ဟောင်းကမ်းလှမ်းလာ

ဂျာဗီးယားဟာနန်ဒက်ဇ်ကတိုက်စစ်ပြဿနာကြုံတွေ့နေရတဲ့အသင်းဟောင်းမန်ချက်စတာယူနိုက်တက်အတွက်အခမဲ့ကစားပေးရန်ကမ်းလှမ်းလာပါတယ်။


မက္ကဆီကိုတိုက်စစ်မှူးဟာမန်ချက်စတာယူနိုက်တက်တွင်၂၀၁၀ခုနှစ်မှ၂၀၁၅ခုနှစ်အတွင်းကစားခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်ဖလား၂ကြိမ်ရခဲ့သူလည်းဖြစ်ပါတယ်။


အသက်၃၄နှစ်ရှိရီးရဲလ်မက်ဒရစ်နှင့်ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းဟာလက်ရှိအချိန်တွင်အမေရိကန်မေဂျာလိဂ်ကလပ်အယ်လ်အေဂလက်စီအတွက်ကစားနေပြီးယခုတိုင်ယူနိုက်တက်ကိုချစ်မြတ်နိုးတုန်းဖြစ်ပါတယ်။




၎င်းက “ဒီမှာဟေ့လူ။ကျွန်တော်ဆိုလိုတာကအဲဒီမှာအဲဒီလိုအခြေအနေတွေကြုံနေရတယ်။ကျွန်တော့်အသက်အရွယ်နဲ့အတိတ်တွေကြောင့်ဇာတ်ကြောင်းတွေကိုသိနေတယ်။တကယ်လို့ယူနိုက်တက်သာကမ်းလှမ်းလာရင်ချက်ချင်းခေါင်းညိတ်ပါမယ်။အခမဲ့တောင်ကစားပေးပါမယ်။ကျွန်တော်လုပ်မယ်ဆိုတာခင်ဗျားလည်းသိပါတယ်။ဒါပေမဲ့အခုကစားနေတဲ့ကလပ်ကိုလည်းလေးစားရပါမယ်။ဒီမှာဆက်တိုက်ကစားနေရတယ်။အခုကျွန်တော့်စိတ်၊ကျွန်တော့်ကမ္ဘာထဲမှာအယ်အေဂလက်စီနဲ့အတူချန်ပီယံရှစ်ဖလားရဖို့ပဲရှိပါတယ်”လို့ပြောကြားသွားပါတယ်။




ဟာနန်ဒက်ဇ်ဟာမန်ချက်စတာယူနိုက်တက်တွင်ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာကစားတဲ့သုံးရာသီတွင်၅၉ဂိုးအထိသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။




မန်ချက်စတာယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒို အသင်းပြောင်းလိုနေမှု၊အန်တိုနီမာရှယ်ဒဏ်ရာရရှိနေမှုကြောင့်တိုက်စစ်ပြဿနာကြုံနေရပါတယ်။