မအေဖြစ်သူကို သတ်ပစ်ပြီး၊ (၁၀)နှစ်သမီးလေးကို အဓမ္မကျင့်ခဲ့တဲ့လူကို အမိန့်ချ

2019-09-21 18:32:19


မအေဖြစ်သူကို သတ်ပစ်ပြီး၊ (၁၀)နှစ်သမီးလေးကို အဓမ္မကျင့်ခဲ့တဲ့လူကို အမိန့်ချ
















နတ်သူကြီး APANNPYAY


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အသက်(၃၈)နှစ်အရွယ် လူသတ်မုဒိမ်းတရားခံ Donald Hugh Davidson Jr ကို တရားသူကြီး Don Lester က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ သေဒဏ်ချမှတ်လိုက်ပြီလို့ သိရပါတယ်။ ဒီသတင်းကို Metro က ဖော်ပြထားတာဖြစ်ပြီး ApannPyay က ဘာသာပြန်ထားတာပါ။




Davidson ဟာ လူသတ်မုဒိမ်းမှုအတွက် (၅)နှစ်ကြော်ကြာ အမှုရင်ဆိုင်ခဲ့ရသူဖြစ်ပြီး၊ အမေရိကန် ဖလော်ဒီဒါက Jacksonville တရားရုံးမှာ သူ့အမှုကို စစ်ဆေးခဲ့တာပါ။ သူရဲ့သေဒဏ်ကို (၅)လကြာ တရားရုံးအဆင့်ဆင့်မှာ အယူခံဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။


သူဟာ ပြစ်မှုကျူးလွန်ချိန်မှာ အသက်(၃၃)နှစ်ဖြစ်ပြီး၊ (၂၀၁၄)ခု ဒီဇင်ဘာလ(၁)ရက်က အသက်(၃၅)နှစ်အရွယ် Roseann Welsh ရဲ့အိမ်ကို ကျူးကျော်ဝင်ရောက်ပြီး Welsh ကို အဓမ္မကျင့်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီအချိန်မှာ ကျောင်းကားနဲ့ Welsh ရဲ့ သမီးဖြစ်သူရောက်လာခဲ့ပါတယ်။


ကလေးနာမည်ကိုတော့ MS လို့ ဖော်ပြထားပါတယ်။ Davidson ဟာ သမီးကိုမြင်တော့ မိခင်ကို ဖိနပ်ကြိုးနဲ့ လည်ပင်းညှစ်သတ်ပြီး၊ သမီးကို အမိဖမ်းကာ အဓမ္မပြုကျင့်ခဲ့တာပါ။ နောက်ပြီး Welsh လည်ပင်းကိုလည်း မသေမချင်း ဓားနဲ့(၃)ချက်ထိုးသွင်းခဲ့ပါတယ်။


ဒီပြစ်မှုတွေကို အကြိမ်ကြိမ် စစ်ဆေးပြီးနောက် မြို့နယ်တရားရုံးက Davidson ကို သေဒဏ်ချမှတ်ခဲ့ရာ၊ Davidson က သေဒဏ်ကို မကျေနပ်လို့ အယူခံဝင်ခဲ့ပေမယ့် အကြိမ်ကြိမ် ပယ်ချခံခဲ့ရပါတယ်။ အခုတော့ သူရဲ့ ယုတ်မာတဲ့ လုပ်ရပ်အတွက် အသက်ကို ပြန်ပေးရတော့မှာပါ။


နတ်သူကြီး APANNPYAY