ဂလေဇာမိသားစုထံမှ ယူနိုက်တက်ကို ပြန်လည်ဝယ်ယူနိုင်ရန် ယူနိုက်တက်ဒါရိုက်တာဟောင်းနိုက်တန်ကြိုးပမ်းမည်


ဂလေဇာမိသားစုထံမှ ယူနိုက်တက်ကို ပြန်လည်ဝယ်ယူနိုင်ရန် ယူနိုက်တက်ဒါရိုက်တာဟောင်းနိုက်တန်ကြိုးပမ်းမည်

မန်ချက်စတာယူနိုက်တက်ဒါရိုက်တာဟောင်းမိုက်ကယ်နိုက်တန်ဟာယူနိုက်တက်ကိုဂလေဇာမိသားစုထံမှအတင်းဝယ်ယူရန်ကြိုးပမ်းရန်စီစဉ်နေပါတယ်။




အသက်၇၀နှစ်ရှိနိုက်တန်ဟာ၁၉၈၉ခုနှစ်မှ၁၉၉၂ခုနှစ်အတွင်းတွင်ယူနိုက်တက်ဘုတ်အဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်သို့ပိုင်ရှင်သစ်အဖြစ်ပြန်လည်ရန်စီစဉ်နေပါတယ်။


နိုက်တန်ဟာယခင်တုန်းကယူနိုက်တက်ကိုပေါင်သန်း၂၀ဖြင့်ဝယ်ယူရန်ကြိုးပမ်းခဲ့ဖူးသူဖြစ်ပြီးသူ့ငွေများကိုသက်သေမပြမီဘုတ်အဖွဲ့တွင်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။


၎င်းက “ဒီဘောလုံးကလပ်မှာပိုင်ရှင်သစ်လိုအပ်နေတာအားလုံးလည်းသိကြပါတယ်။ဒါကကျွန်တော့်ရည်ရွယ်ချက်ပါ။ဒီတွေကကျွန်တော့်ရည်မှန်းချက်တွေပါ။ကျွန်တော့်လုပ်ဆောင်မှုလည်းတိုးတက်နေပါတယ်။လူတွေနဲ့ဆက်ပြီးတော့စကားပြောသွားမယ်။ကောင်းမွန်တဲ့ဘဏ္ဍာရေးထောက်ပံ့မှုရဖို့လည်းအာမခံချက်ရထားပါတယ်။ကမ်းလှမ်းမှုစာရွက်စာတမ်းလုပ်နေတယ်။သတိရရမယ့်အရာကတော့ဒါကရန်လိုတဲ့ကမ်းလှမ်းမှုရေးပါ(ကလပ်စီမံခန့်ခွဲရေးအဖွဲ့ကသဘောမတူပေမဲ့ကလပ်ရှယ်ယာရှင်များထံတိုက်ရိုက်ကမ်းလှမ်းမှု)”လို့ပြောကြားသွားပါတယ်။




ရန်လိုတဲ့ကမ်းလှမ်းမှုဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်ပြီး၎င်းက “ရှင်းရှင်းလေးပါ။ကလပ်ကတရားဝင်အရောင်းစာရင်းမတင်ထားဘူး။ကျွန်တော့်ရည်ရွယ်ချက်ကဥပဒေနဲ့အညီပိုင်ရှင်တွေဆီမှာကမ်းလှမ်းလာမှာပါ။သေချာပေါက်အကျိုးအမြတ်ရှိမယ့်အရာပါ။ပြောရရင် ‘မင်းလမ်းဆုံးနေပြီ။ဒီတော့ထွက်ခွာရမယ့်အချိန်ရောက်ပြီ’ဆိုတာပါ”လို့ပြောကြားသွားပါတယ်။




ဒါ့အပြင်နိုက်တန်က “ကျွန်တော်တို့ကလပ်ကပြဿနာတက်နေတဲ့ကလပ်ပါ။ဘာကြောင့်လဲဆိုတာကိုလည်းလူတိုင်းသိပါတယ်။ကျွန်တော်တို့မှာဘောလုံးအကြောင်းအနည်းငယ်ပဲသိပြီးမိုက်မဲပြီးအသုံးမဝင်တဲ့ပိုင်ရှင်ကြုံနေရတယ်”လို့ပြောကြားသွားပါတယ်။


ယူနိုက်တက်ပရိသတ်များဟာဘရိုက်တန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မတိုင်မီ ဂလေဇာမိသားစုကိုသပိတ်မှောက်ဆန္ဒပြမှုပြုလုပ်ခဲ့ကြပါတယ်။


>