ႏုိ႔စို႔တာ ဖိတ္က်လုိ႔ဆုိၿပီး သမီးေလးရဲ႕ဗုိက္ကို ဖေနာင့္နဲ႔ အခ်က္ေပါင္းမ်ားစြာ ေပါက္ခဲ့တဲ့ဖခင္

2019-09-21 18:31:05


ႏုိ႔စို႔တာ ဖိတ္က်လုိ႔ဆုိၿပီး သမီးေလးရဲ႕ဗုိက္ကို ဖေနာင့္နဲ႔ အခ်က္ေပါင္းမ်ားစြာ ေပါက္ခဲ့တဲ့ဖခင္

လူစိတ္ကင္းမဲ့ေနတဲ့ ဖခင္တစ္ဦးဟာ (၁၃)လသမီးေလး သူမရဲ႕ကိုယ္ေပၚမွာ ႏုိ႔ေတြဖိတ္က်သြားတာကို သည္းမခံႏုိင္ျဖစ္ၿပီး၊ ကေလးရဲ႕ဗုိက္ကို ဖေနာင့္နဲ႔အခ်က္ေပါင္းမ်ားစြာ ေပါက္ခဲ့တယ္လုိ႔ Mirror သတင္းက ေဖာ္ျပထားပါတယ္။ ဒီသတင္းကို ApannPyay က ဘာသာျပန္လုိက္တာပါ။


ဒီအမႈကို ၾသစေတးလ်၊ ကြင္းစ္လန္းက Brisbane District Court တရား႐ုံးမွာ ၾကားနာခဲ့တာျဖစ္ၿပီး၊ ဖခင္ျဖစ္သူက အျပစ္ကေန ေလွ်ာ့ေပ့ါေပးဖုိ႔ အသနားခံစာတင္ခဲ့ေသာ္လည္း၊ ကေလးမွာ ကုိယ္အတြင္းေၾကဒဏ္ရာနဲ႔ ေဆးကုသမႈ ၾကာျမင့္စြာ ခံခဲ့ရလုိ႔ တရားသူႀကီးက သက္ညႇာမေပးခဲ့ပါဘူး။



ဒီတုိက္ခုိက္မႈဟာ (၂၀၁၈)ခုႏွစ္ ေမ(၁၂)မွာ ျဖစ္ခဲ့တာပါ။ သမီေလးဟာ ပန္ခရီယကြဲေၾကသြားတာေၾကာင့္ (၅၇)%အထိ ဖယ္ရွားခြဲစိတ္ခဲ့ရပါတယ္။ ဖခင္ျဖစ္သူရဲ႕လုပ္ရပ္ဟာ လူစိတ္ကင္းမဲ့ေနတဲ့အသိရွိသူသာ လုပ္ႏုိင္တဲ့အျပစ္မ်ိဳးျဖစ္တယ္လို႔ တရားသူႀကီးက သတ္မွတ္ခဲ့ပါတယ္။




ဖခင္ျဖစ္သူကို ေထာင္ဒဏ္(၆)ႏွစ္ ခ်မွတ္ခဲ့ပါတယ္။ ဒါေတာင္မွ ျပစ္မႈက်ဴးလြန္သူက သူ႕ေျခေထာက္နာမွာစုိးလုိ အားအမ်ားႀကီး မသုံးခဲ့ဘူးလုိ႔ ေျပာပါေသးတဲ့။ ကေလးကုိ ေဆး႐ုံပုိ႔တဲ့အခါ မေတာ္တဆမႈ ျဖစ္ခဲ့တာလုိ႔ လိမ္ညာခဲ့ပါတယ္။ သူ႕အမည္ကုိေတာ့ တရား႐ုံးက ေဖာ္ျပခြင့္ကန္႔သတ္ခဲ့ပါတယ္။


နတ္သူႀကီး APANNPYAY


ယူနီကုဒ်ဖြင့်ဖတ်ရန်-


လူစိတ်ကင်းမဲ့နေတဲ့ ဖခင်တစ်ဦးဟာ (၁၃)လသမီးလေး သူမရဲ့ကိုယ်ပေါ်မှာ နို့တွေဖိတ်ကျသွားတာကို သည်းမခံနိုင်ဖြစ်ပြီး၊ ကလေးရဲ့ဗိုက်ကို ဖနောင့်နဲ့အချက်ပေါင်းများစွာ ပေါက်ခဲ့တယ်လို့ Mirror သတင်းက ဖော်ပြထားပါတယ်။ ဒီသတင်းကို ApannPyay က ဘာသာပြန်လိုက်တာပါ။




ဒီအမှုကို သြစတေးလျ၊ ကွင်းစ်လန်းက Brisbane District Court တရားရုံးမှာ ကြားနာခဲ့တာဖြစ်ပြီး၊ ဖခင်ဖြစ်သူက အပြစ်ကနေ လျှော့ပေ့ါပေးဖို့ အသနားခံစာတင်ခဲ့သော်လည်း၊ ကလေးမှာ ကိုယ်အတွင်းကြေဒဏ်ရာနဲ့ ဆေးကုသမှု ကြာမြင့်စွာ ခံခဲ့ရလို့ တရားသူကြီးက သက်ညှာမပေးခဲ့ပါဘူး။


ဒီတိုက်ခိုက်မှုဟာ (၂၀၁၈)ခုနှစ် မေ(၁၂)မှာ ဖြစ်ခဲ့တာပါ။ သမီလေးဟာ ပန်ခရီယကွဲကြေသွားတာကြောင့် (၅၇)%အထိ ဖယ်ရှားခွဲစိတ်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူရဲ့လုပ်ရပ်ဟာ လူစိတ်ကင်းမဲ့နေတဲ့အသိရှိသူသာ လုပ်နိုင်တဲ့အပြစ်မျိုးဖြစ်တယ်လို့ တရားသူကြီးက သတ်မှတ်ခဲ့ပါတယ်။


ဖခင်ဖြစ်သူကို ထောင်ဒဏ်(၆)နှစ် ချမှတ်ခဲ့ပါတယ်။ ဒါတောင်မှ ပြစ်မှုကျူးလွန်သူက သူ့ခြေထောက်နာမှာစိုးလို အားအများကြီး မသုံးခဲ့ဘူးလို့ ပြောပါသေးတဲ့။ ကလေးကို ဆေးရုံပို့တဲ့အခါ မတော်တဆမှု ဖြစ်ခဲ့တာလို့ လိမ်ညာခဲ့ပါတယ်။ သူ့အမည်ကိုတော့ တရားရုံးက ဖော်ပြခွင့်ကန့်သတ်ခဲ့ပါတယ်။


နတ်သူကြီး APANNPYAY