စစ်ကိုင်းမှာ ဒီမနက်နယ်ကျွံလာတဲ့ စခတွေကို ဝိုင်းသုတ် အယောက်၃၀ကျော်ကျ လက်နက်မနည်းသိမ်းဆည်းရမိ


စစ်ကိုင်းမှာ ဒီမနက်နယ်ကျွံလာတဲ့ စခတွေကို ဝိုင်းသုတ် အယောက်၃၀ကျော်ကျ လက်နက်မနည်းသိမ်းဆည်းရမိ

ရေဦးတွင် ယနေ့နံနက်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံး ပြီး လက်နက် ၂၅ လက်ရရှိ၊


စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကုန်းသာရွာနှင့် ရမိတ်သာကျေးရွာအကြားတွင် စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်များ ယနေ့ နံနက်ပိုင်း တိုက်ပွဲများ ဖြစ်ပွား ပြီး စစ်တပ်ဘက်ကမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံးကာ လက်နက် ၂၅ လက်ရရှိကြောင်း သိရှိရသည်။


ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီမှစတင်ပြီး စစ်တပ်က ကျေးရွာများကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်၍ ကျူးကျော်ဝင်ရောက် ဖျက်ဆီးစဉ် တိုက် ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ နံနက်အစောပိုင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ထက်မနည်းသေဆုံးပြီး လက်နက် ၂၅ လက် သိမ်းဆည်းရမိကြောင်း၊ ယင်း နောက် မုံရွာ နမခမှ စစ်ရဟတ်ယာဉ်များ ဖြင့် ပထမအကြိမ် ပစ်ခတ် ကြောင်း၊ ယင်းနောက် နံနက် ၁၁ နာရီဝန်းကျင်တွင်လည်း Mi35 ရဟတ်ယာဉ် များ ဖြင့် ပစ်ခတ်ပြီး စစ်ကူတချို့ကို ရဟတ်ယာဉ်ဖြင့် ချထားပေးကြောင်း သိရှိရသည်။


ဩဂုတ်လ ၉ ရက်နေ့ညနေပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရေဦး ကုန်းသာ ကျေး ရွာဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင်မှ တိုက် ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များကို ရေဦးကာကွယ် ရေးတပ် ၊ဒီပဲယင်းပြည်သူကာကွယ်ရေးပူပေါင်းတပ်များက ပူးပေါင်းတိုက်ခိုက် နေခြင်း ဖြစ် သည်ဟု သိရှိရသည်။


“မနက်က စပြီးတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး သူတို့ဘက်က တပ်ရင်းတစ်ခု လုံး နီးပါး ကျတယ်။ မုံရွာနမခကနေ လေယာဉ်နှစ်စီးနဲ့ လာပစ်တယ်။ ဒါ ကြောင့် ကျွန်တော်တို့ဘက်က ခဏနောက်ဆုတ်ထားလိုက်တယ်” ဟု ဒေသ ကာ ကွယ်ရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ ၃၀ ထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ် ဘက် မှ ရဲဘော် ၂ ဦးကျဆုံးကြောင်း၊ စစ်တပ်လက်နက် ၂၅ လက် သိမ်းဆည်း ရမိထားကြောင်း သိရှိရသည်။


“မနက်က တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းက မနေ့ည ၁၀ နာရီလောက်မှာ ရေဦး ကနေ ညောင်လှမူးဆုံကို ကား ၂ စီးနဲ့ လာချသွားတဲ့စစ်ကြောင်းပါ။ မူးဆုံ က နေ လက်နက်ကြီးတွေနဲ့ ဘေးပတ်ပတ်လည်က ထုတယ်။ မနက်ပိုင်း မှာ ရွာမိသာ တောလမ်းကနေ ကုန်းသာဘက်တက်သွားတယ်။ ရွာမိသာကိုမဝင်ဘူး။ ကုန်းသာ မှာ စစ်အင် အား ၃၀ ပါတာအကုန်သေတယ်။ အခုမူးဆုံ မှာတစ်ဖွဲ့ ရှိနေသေးတယ်။ အခုလေယဥ်နဲ့ပစ်နေတာ။ ကုန်းသာနဲ့ရွာမိသာကို အခု ကုန်း သာကို ပစ်နေတယ်။ အခုထက်ထိ ပစ်နေတုန်းပဲ” ဟု ဒေသခံတစ်ဦးက ပြော သည်။


Credit

>