ငှက်ပစ်ဖို့ ဝေဟင်ပစ်လက်နက်တချို့ ချပေးလိုက်တဲ့ ……….see more


ငှက်ပစ်ဖို့ ဝေဟင်ပစ်လက်နက်တချို့ ချပေးလိုက်တဲ့ ……….see more

PROJECT DRAGONFLY ဝေဟင်ပစ် လက်နက်စီမံချက်အရ ကနဦး ပစ္စည်း တချို့ စတင် တာဝန်ထမ်းဆောင်နေပြီဟု NUG က ပြည်သူကို အသိပေး


အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်မည့် PROJECT DRAGONFLY ဝေဟင် ပစ် လက်နက် စီမံချက်ဖြင့် ကနဦး ပစ္စည်း တချို့ ကို စတင် တာဝန်ထမ်း ဆောင် အသုံးပြုပြီးဖြစ်ကြောင်း ယနေ့ သြ ဂုတ် လ ၉ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန် ကြီး ဌာနက ကထုတ်ပြန် ကြေညာ ခဲ့သည်။


PROJECT DRAGONFLY စီမံချက်မှ တစ်ဆင့် ရရှိလာသော ရန်ပုံငွေများအား စစ်ရေးမဟာဗျုဟာများနှင့်အညီ အသုံးချလျက်ရှိရာ ကနဦးပစ္စည်းအချို့မှာ စတင်တာဝန်ထမ်းဆောင်နေပြီး ဖြစ်ကြောင် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။


သို့ရာတွင် မည်သည့် ဝေဟင်လက်နက်အမျိုးအစားဖြစ်သည်ကို NUG က ထုတ် ဖော်ပြောဆိုထားခြင်းမရှိပေ။


အဆိုပါ Project အောင်မြင်စေရန် ထောက်ပံ့ကူညီပေးခဲ့ကြသည့် ပြည်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များအားလုံးကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကျေးဇူး တင်ရှိ ကြောင်းနှင့် ထပ်မံ၍ လိုအပ်သောပစ္စည်းများ ဆက်လက်ရရှိရေးနှင့် ထိ ရောက်စွာအသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ဟု ဖော်ပြထားသည်။


Credit 

>