၈၈၈၈ ကာလ ယနေ့ဩဂုတ်လ(၁၀)ရက်နေ့မှာ နှလုံးကျည်ထိကျဆုံးခဲ့တဲ့ စက်မှုအင်ဂျင်နီယာ ကျောင်းသားတစ်ဦး……see more


၈၈၈၈ ကာလ ယနေ့ဩဂုတ်လ(၁၀)ရက်နေ့မှာ နှလုံးကျည်ထိကျဆုံးခဲ့တဲ့ စက်မှုအင်ဂျင်နီယာ ကျောင်းသားတစ်ဦး……see more

◾ကိုအောင်မွန်၏ နောက်ဆုံးနေ့

ရန်ကုန်စက်မှုတက္ကသိုလ်၊ စက်မှုအင်ဂျင်နီယာကျောင်းသား ကိုအောင်မွန်သည် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ၊ ရှစ်လေးလုံးအရေးတော်ပုံအတွင်း ကျဆုံးခဲ့ရသည့် ကျောင်းသားတစ်ဦးဖြစ်သည်။


ဖြစ်စဉ်မှာ စစ်တပ်၏ အကြမ်းဖက်နှိမ်နင်းမှုများဖြစ်ပေါ်နေသည့် ၁၉၈၈၊ ဩဂုတ်လ ၁၀ ရက်နေ့၊ နေ့လည်(၁၂)နာရီ၊ မိနစ်(၄၀)အချိန်၌ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ဖျာပုံလမ်းထိပ်တွင်ရှိနေစဉ် ရှမ်းလမ်းထိပ်ရှိ ဓါတ်ဆီဆိုင်ရှေ့သစ်ပင်အကွယ်မှ တပ်မ ၂၂ ဗိုလ်ကြီးအဆင့်ရှိသူ၏ ပစ်ခတ်မှုကြောင့် နှလုံးကိုကျည်ထိမှန်လျက် နေရာတွင်ပင် ကျဆုံးသွားခဲ့သည်။ ၎င်း၏သူငယ်ချင်းဖြစ်သူ ကိုဇော်ဇော်အောင်သည်လည်း နဖူးကိုကျည်ထိမှန်ခဲ့သည့်ဒဏ်ရာဖြင့် ဩဂုတ်လ ၁၃ ရက်နေ့တွင် ဘ၀တပါးကူးပြောင်းသွားခဲ့ရသည်။


လေ့လာပြုစုရရှိသောစာရင်းများအရ စက်မှုတက္ကသိုလ်ခေတ်က စစ်တပ်၏အကြမ်းဖက်မှုကြောင့် စက်မှုကျောင်းသား(၃)ဦးထိ အသက်ဆုံးရှုံးခဲ့ရပြီး ယခုကာလတွင်လည်း မြို့ပြကျောင်းသားတစ်ဦး အသက်ပေးထားရပြီးဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ကျဆုံးသွားခဲ့ရသည့် ကျောင်းသားပြည်သူများ၏ အသက်သွေးကြွေးကို ကျွန်ုပ်တို့အားလုံး ပြန်လည်ဆပ်ယူရမည်ဖြစ်သည်။

Credit


>