သူမရဲ့ စိုးရိမ်စရာကောင်းတဲ့ကျန်းမာရေးကြောင့် ပရိတ်သတ်တွေကို “ကျွန်မ ​ေ-သမှ….” ဆိုတဲ့ စာလေးတင်လာတဲ့ အလှမယ် ထားထက်ထက်


သူမရဲ့ စိုးရိမ်စရာကောင်းတဲ့ကျန်းမာရေးကြောင့် ပရိတ်သတ်တွေကို “ကျွန်မ ​ေ-သမှ….” ဆိုတဲ့ စာလေးတင်လာတဲ့ အလှမယ် ထားထက်ထက်

ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။


သူမကတော့ လက်ရှိမှာဆိုရင်တော ခက်ခဲကြမ်းတမ်းတဲ့ တောတွင်းတစ်နေရာမှာ ပြည်သူတွေကိုကာကွယ်ဖို့


စစ်သင်တန်းတတ်ရောက်နေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။


ထားထက်ထက် ကတော့ လူမှု့ကွန်ယက်ပေါ်တွင် ပရိသတ်တွေကို တောင်းဆိုမှု့တစ်ခု ပြုလုပ်ထားပါတယ်။


သူမရေးသားထားတာကတော့ “ကျွန်မ သေမှ နှမြောပါတယ် ဝမ်းနည်းပါတယ်


RIP ပါ ဆိုတာတွေ ကျွန်မ wall မှာ ကျွန်မ page မှာ လာမရေးပါနဲ့ ….. မမြင်ချင်ပါဘူး…..


ကျွန်မတို့ ရှင်စဉ်အခါမှာ မတရားမှုကို တော်လှန်နေတုန်း ကျွန်မ နဲ့ အခြားစခန်းတွေကို လိုအပ်တာတွေထောက်ပံ့ လှူဒါန်းပါ…..


စခန်းတိုင်း လိုအပ်ချက်ရှိနေတယ်…..သေမှ လုပ်ပေးတာ အကုန်အပိုတွေပါပဲ ကျွန်မတို့ဘက်က


စစ်အာဏာရှင်စနစ် ကျဆုံးဖို့ လုပ်နိုင်တာမှန်သမျှ အဆုံးစွန်ထိ အစွမ်းကုန်လုပ်သွားမှာ…..


ကျားဆိုးကို သုတ်သင်ဖို့ သမင်တွေ မွေးပေးနေရုံနဲ့ မဖြစ်နိုင်ပါဘူး …ကျားဆိုးကို ရိုက်သတ်မယ့် သူရဲကောင်းတွေကို ထောက်ပံ့ကူညီပါ…..


ကျားဆိုးကို ရိုက်သတ်ဖို့ ဓါးလှံလှူပါ…..” ပရိသတ်တွေကိုတောင်းဆိုထားပါတယ်။


ကဲ…ထားထက်ထက် ရဲ့တောင်းဆိုချက်ကို သူမရဲ့ပရိတ်သတ်ကြီးကိုလည်း သိရှိစေရန် ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။


ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီ တိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။


Credit


>