ဘရိုက်တန်နှင့်အိမ်ကွင်းပွဲတွင် ရှုံးနိမ့်ပြီးနောက် အိမ်ကွင်းပွဲကျပ်ဆက်တိုက်ကစားရမှာဖြစ်လို့ ဖိအားတွေ ပိုကျလာဖို့ ရှိနေတဲ့ အဲရစ်တန်ဟက်


ဘရိုက်တန်နှင့်အိမ်ကွင်းပွဲတွင် ရှုံးနိမ့်ပြီးနောက် အိမ်ကွင်းပွဲကျပ်ဆက်တိုက်ကစားရမှာဖြစ်လို့ ဖိအားတွေ ပိုကျလာဖို့ ရှိနေတဲ့ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ်အိုးထရက်ဖို့ဒ်တွင်ဘရိုက်တန်ကိုရှုံးနိမ့်ပြီးနောက်အိမ်ကွင်းပွဲကျပ်ဆက်တိုက်ကစားလာရမှာဖြစ်ပြီးနည်းပြအဲရစ်တန်ဟက်အနေဖြင့်ဖိအားပိုမိုကျရောက်လာဖို့ရှိနေပါတယ်။




ယူနိုက်တက်ဟာတနင်္ဂနွေနေ့တုန်းကအိမ်ကွင်းရှုံးပွဲဖြင့်ပရီးမီးယားလိဂ်ရာသီသစ်ကိုဖွင့်လှစ်ခဲ့ရပါတယ်။


၎င်းတို့ဟာပါစကယ်ဂရော့စ်ရဲ့ပထမပိုင်းသွင်းဂိုးနှစ်ဂိုးကြောင့်အိုးထရက်ဖို့ဒ်တွင်ဘရိုက်တန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။




ဒါပေမဲ့ယူနိုက်တက်ရဲ့အခြေအနေကလာမယ့်လများအတွင်းတွင်ပိုမိုဆိုးရွားလာဖို့ရှိနေပါတယ်။ယူနိုက်တက်ဟာကမ္ဘာ့ဖလားမတိုင်မီအိမ်ကွင်းပွဲကျပ်များဆက်တိုက်ကစားရဖို့ရှိနေပါတယ်။


အဲရစ်တန်ဟက်ဟာလာမယ့်ဩဂုတ်လ၂၂ရက်နေ့တွင်အကြီးကျယ်ဆုံးပြိုင်ဘက်လီဗာပူးကိုဧည့်ခံကစားရပါဦးမယ်။၎င်းတို့ဟာပြီးခဲ့တဲ့ရာသီတုန်းကအိမ်ကွင်းတွင်၅-၀ဂိုးဖြင့်ချေမှုန်းခံခဲ့ရပါတယ်။




ယူနိုက်တက်ဟာလီဗာပူးကိုဧည့်ခံကစားရပြီးနောက် စက်တင်ဘာလ၄ရက်နေ့တွင်အာဆင်နယ်ကိုလည်းကောင်း၊စက်တင်ဘာလ၁၈ရက်နေ့တွင်တခါတုန်းကပြိုင်ဘက်ဟောင်းလိဒ်ကိုလည်းကောင်းဧည့်ခံရမယ်။


ပြီးလျှင်၎င်းတို့ဟာအောက်တိုဘာလ၁၆ရက်နှင့်အောက်တိုဘာလ၁၉ရက်နေ့တို့တွင်နယူးကာဆယ်နှင့်စပါးစ်တို့ကိုသုံရက်ခြားပြီးဧည့်ခံကစားရပါမယ်။ပြီးလျှင်၎င်းတို့ဟာအောက်တိုဘာလ၃၀ရက်နေ့တွင်ဝက်စ်ဟမ်းကိုဧည့်ခံကစားရပါမယ်။




ယူနိုက်တက်ဟာကမ္ဘာ့ဖလားအပြီးတွင်နော်တင်ဟမ်ဖောရက်စ်၊ဘုန်းမောက်တို့ကိုရင်ဆိုင်ရမှာဖြစ်ပြီးဘောက်ဆင်ဒေးကာလအတွင်းတွင်မန်စီးတီးကိုလည်းဧည့်ခံရပါမယ်။


ဒါ့အပြင်ယင်းကာလအတွင်းတွင်ယူရိုပါလိဂ်ပွဲစဉ်များ၊ခါရာဘောင်ဖလားပွဲစဉ်များလည်းကစားရန်ရှိနေရာအဲရစ်တန်ဟက်အနေဖြင့်အိမ်ကွင်းနိုင်ပွဲစောစောစီးစီးရယူနိုင်မှသာလျှင်ဖိအားကျဆင်းလာဖို့ရှိနေပါတယ်။



>