ဖရန်ကီဒီဂျောင်၊ ပီကေး၊ တာစတီဂန်နှင့်လင်ဂလတ်တို့ကို တရားစွဲဆိုရန် ဘာစီလိုနာလုပ်ဆောင်နေ


ဖရန်ကီဒီဂျောင်၊ ပီကေး၊ တာစတီဂန်နှင့်လင်ဂလတ်တို့ကို တရားစွဲဆိုရန် ဘာစီလိုနာလုပ်ဆောင်နေ

ဘာစီလိုနာဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကစာချုပ်သစ်ချုပ်ဆိုခဲ့ကြတဲ့ကစားသမားလေးဦးကိုတရားစွဲဆိုရန်စီစဉ်နေပါတယ်။


ဖရန်ကီဒီဂျောင်၊ဂါရတ်ပီကေး၊ကလီမင့်လင်ဂလက်၊မာ့အင်ဒရေတာစတီဂန်တို့ဟာ၂၀၂၀ခုနှစ်၊အောက်တိုဘာလတုန်းက ဘာစီလိုနာရဲ့ဘဏ္ဍာရေးပြဿနာကိုကူညီရန်လုပ်ခလျှော့ယူကာစာချုပ်သစ်ချုပ်ဆိုခဲ့ကြပါတယ်။




အဆိုပါစာချုပ်များမှာယခင်ဥက္ကဌဟောင်းဂျိုးဆက်ဖ်မာရီယာဘာတိုမြူနောက်ဆုံးလုပ်ဆောင်ခဲ့တဲ့အရာများဖြစ်ပါတယ်။ဘာတိုမြူဟာယင်းကစားသမားလေးဦးကိုစာချုပ်သစ်ချုပ်ဆိုပြီးနောက်တစ်ပတ်အကြာတွင်နှုတ်ထွက်ခဲ့ပါတယ်။


ဘာစီလိုနာဟာလတ်တလောဘဏ္ဍာရေးပြဿနာများကိုဖြေရှင်းရန်အတွက်ယင်းကစားသမားများကိုလုပ်ခလျှော့ကာစာချုပ်သစ်ချုပ်ဆိုခဲ့တယ်ဆိုပေမဲ့ ယင်းငွေများကိုနောက်ရာသီများတွင်ခံစားရနိုင်အောင်လုပ်ဆောင်ထားပါတယ်။




ယင်းသို့အနေအထားကြောင့်ဘာစီလိုနာဟာကစားသမားများအားစုစုပေါင်းပေါင်၂၆၃သန်းအထိပေးရမယ့်အခြေအနေတွင်ရှိနေပါတယ်။


ဒါကြောင့်လည်းလက်ရှိဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာက၂၀၂၀ခုနှစ်တုန်းကချုပ်ဆိုခဲ့တဲ့စာချုပ်များမှာ ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ယုံကြည်နေပါတယ်။


ဘာစီလိုနာဟာစာချုပ်ချုပ်ဆိုတဲ့ကစားသမားလေးဦးကိုယင်းစာချုပ်များကို ဖျက်သိမ်းပြီးယခင်စာချုပ်ပါအတိုင်းသာခံစားစေလိုနေပါတယ်။


တကယ်လို့များ ကစားသမားများဘက်ကသာသဘောတူညီခြင်းမရှိပါကဘာစီလိုနာဟာတရားရုံးတင်ကာတရားစွဲဆိုရန်စီစဉ်နေပါတယ်။




ဘာစီလိုနာဟာတရားရင်ဆိုင်ရန်အတွက်ပြင်ဆင်လာခဲ့တာသုံးလတိုင်တိုင်ကြာမြင့်ပြီလည်းဖြစ်ပါတယ်။


ပီကေးရဲ့လက်ရှိစာချုပ်က၂၀၂၄ခုနှစ်တွင်ကုန်ဆုံးမည်ဖြစ်ပြီးတာစတီဂန်မှာ၂၀၂၅ခုနှစ်တွင်လည်းကောင်း၊ဒီဂျောင်နှင့်လင်ဂလက်တို့မှာ၂၀၂၆ခုနှစ်တွင်လည်းကောင်းစာချုပ်သက်တမ်းကုန်ဆုံးပါမယ်။




ဖရန်ကီဒီဂျောင်ဟာဘာစီလိုနာမှလုပ်ခကြွေးကျန်ပေါင်၁၄.၅သန်းရရှိနေတယ်လို့သိရပြီးယင်းကြွေးကျန်ကြောင့်ယူနိုက်တက်သို့ပြောင်းရန်ငြင်းဆိုနေတာလည်းဖြစ်ပါတယ်။


သူဟာ၂၀၂၀-၂၁၊၂၀၂၁-၂၂ ရာသီတို့တွင်လုပ်ခလျှော့ယူရန်သဘောတူညီခဲ့ပေမဲ့ယခုရာသီမှစတင်ကာလာမယ့်လေးရာသီတွင်များစွာအကျိုးခံစားလာရဖို့ရှိနေတယ်လို့ယုံကြည်ရပါတယ်။




ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံတွေ့ကာကြွေးမြီများစွာရှိပေမဲ့လည်းယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ရောဘတ်လီဝန်ဒေါ့စကီး၊ရာဖင်ညာ၊ဂျူးစ်ကွန်ဒီ၊ခရစ္စတင်ဆင်၊ဖရန်ကက်ဆီတို့ကိုပေါင်သန်းတစ်ရာကျော်အသုံးပြုကာခေါ်ယူထားပါတယ်။ဒါပေမဲ့ဘာစီလိုနာဟာအသင်းရဲ့အသုံးစရိတ်ဟန်ချက်ညီခြင်းမရှိသေးမှုကြောင့်ယင်းကစားသမားများကိုလာလီဂါတွင်မှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။