စစ်တပ် က အကြောင်းမဲ့ မီးဝင်ရှို့ ဖျက်ဆီးခဲ့တဲ့..see more


စစ်တပ် က အကြောင်းမဲ့ မီးဝင်ရှို့ ဖျက်ဆီးခဲ့တဲ့..see more

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာကို အကြမ်းဖက် စစ် ကောင်စီ တပ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ ဖျက် ဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။


ဩဂုတ်လ ၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရေလည်မှော်ရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ် ၅ လုံးနှင့်ပစ္စည်းများကို ဝင်ရောက်မီးရှို့သွားခြင်းဖြစ်‌ကြောင်း သိရှိရ သည်။


“တိုက်ပွဲတွေ ဘာတွေမဖြစ်ဘူး။ ရေလည်မှော်ကျေးရွာက ဧရာ၀တီမြစ်ဘေးက ရွာပါ။ မြစ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောပေါ်ပါလာတဲ့ စစ်ခွေးတွေ ထင် ပါတယ်။ နေအိမ် ၅ လုံး၊ ပဲမှော်စင်စက် ၂လုံး၊ မီးစက် ရေစက် ဆိုင်ကယ်တွေ အကုန်ပဲ မီးရှို့သွားတာ။


မီးရှို့ခံရတဲ့ အိမ်ပိုင်ရှင်တွေက ဦးသိန်းလွင်နဲ့ ဒေါ်နွဲ့ကျင် အိမ်၊ ဦးသိန်းထွန်း၊ဒေါ်သင်းအေးတို့ အိမ်၊ ဦးပြည့်မောင်၊ဒေါ်မြင့်မြင့်မာ တို့ရဲ့ အိမ်၊ ဦးအောင်ဝင်း၊ဒေါ်ငြိမ်းတို့ရဲ့ အိမ်၊ ဦးရွှေမုန်း၊ဒေါ်သီတာဦးတို့နေအိမ်တွေပါ။ သူတို့ထွက်သွားပြီးတော့ သံဃာတွေပါ မီးဝင်ငြိမ်းရတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။


မန္တလေးမှ ဧရာ၀တီမြစ်ကြောင်းအတိုင်း အထက်ဆန်သို့ စစ်သင်္ဘော ၆ စင်း ဆန် တက်လာသဖြင့် မြစ်ကမ်းဘေး ကျေးရွာများအနေဖြင့် သတိထား နေရ ကြောင်း ဒေသခံများက ပြောဆိုကြသည်။


Khit Thit Media


>