ပြည်သူတွေ ဒီလိုအဖြစ်ဆိုးကအမြန်လွတ်မြောက်နိုင်ပါစေ


ပြည်သူတွေ ဒီလိုအဖြစ်ဆိုးကအမြန်လွတ်မြောက်နိုင်ပါစေ

အာဏာသိမ်းစစ်ကောင်စီ၏ စီမံမှုဖြင့် ဆီကုန်သည်အသင်းက လူတစ်ဦးအတွက် ခွဲတမ်းသတ်မှတ်ရောင်းချပေးသော စာအုန်းဆီ ၅၀ ကျပ်သား ရရှိရန် စီးပွားရေးမြို့တော် ရန်ကုန်မြို့ခံ ရာနှင့်ချီ၍ တန်းစီဝယ်ယူနေရသည်။


နေ့စဉ်နှင့်အမျှ ထိုးတက်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းနှင့် အထွေထွေအရပ်ရပ် ကုန်ကျစရိတ်များ ကာမိစေရန် တပိဿာ ကျပ် ၃၇၀၀ နှုန်းဖြင့် စစ်ကောင်စီက ရောင်းသည့် စားအုန်းဆီကို လာရောက်တန်းစီဝယ်ယူရသည်ဟု သာကေတမြို့နယ်အတွင်း တန်းစီဝယ်ယူနေသူ အချို့ပြောသည်။


သို့သော် ခွဲတမ်းဖြင့်ရသည့် စားအုန်းဆီမှ အရည်အသွေးညံ့ဖျင်းပြီး သတ်မှတ်အလေးချိန်အပြည့်မရဟု အိမ်ရှင်မ တစ်ဦးက ပြောသည်။ “(စစ်ကောင်စီက) ရောင်းပေးတာကို ခိုးတယ်သွားပြောရင်လည်း အဖမ်းက ခံရဦးမယ်” ဟု ၎င်းက ဆိုသည်။


အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီက ဒေါ်လာငွေများကို အကြီးအကျယ် ထိန်းချုပ်လိုက်ပြီးနောက် ကုန်ပစ္စည်း ပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတို့ အကြီးအကျယ်ခံနေရသည်။ ဒေါ်လာကို ထိန်းချုပ်ရုံသာမက စားအုန်းဆီတင်သွင်းမှု ကိုပါ စစ်ကောင်စီက ကန့်သတ်လိုက်ပြီး မလိုက်နာပါက တင်သွင်း၊ သိုလှောင်၊ ရောင်းချခွင့်ပိတ်၍ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။


စစ်ကောင်စီက စားအုန်းဆီ တစ်ပိဿာ ၃၇၀၀/၃၈၀၀ ကျပ်ဖြင့်ရောင်းချရန် တားမြစ်ထားပြီး ထိုလုပ်ပိုင်ခွင့်ကို ၎င်းနှင့် ပတ်သတ်မှုရှိသည့် ကုန်သည်အချို့ထံ ပေးအပ်ထားသည်။ ပြင်ပဈေးကွက်တွင် စားအုန်းဆီ တပိဿာ ကျပ် ၉၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ ဈေးမြင့်နေသည်။


Credit : Myanmar Now


>