လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား သတ်မှတ်ဒဏ်ကြေးပေးဆောင်စေကာ လိုင်စင်လုပ်ပေးမည်


လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား သတ်မှတ်ဒဏ်ကြေးပေးဆောင်စေကာ လိုင်စင်လုပ်ပေးမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စီးနှင်းနေကြသည့် မှတ်ပုံတင်မဲ့ ( Without ) မော်တော် ဆိုင်ကယ်များအား သတ်မှတ်ဒဏ်ကြေးပေးဆောင်စေကာ ဒေသအမှတ် သင်္ကေတ ( SHN ) ဖြင့် လိုင်စင်လုပ်ပေးမည်ဟု သက်ဆိုင်ရာက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။


မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးမည့် သတ်မှတ်နေရာ(၅) ခု သတ်မှတ်ထားပြီး ၂၀၂၂ ခုနှစ် စြဒသဂုတ်လ (၁၀) ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ(၃၀) ရက်နေ့အထိ သတ်မှတ်ရက်အတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ချက် နောက်ဆက်တွဲအရ သိရသည်။


လိုင်စင်ဆိုင်ကယ်တစ်စီးဖြစ်ပေါ်လာစေရန် သတ်မှတ်ထားသည့် အခွန်အခများကိုဖော်ပြထားပြီး ထုတ်လုပ်သည့် နိုင်ငံ/ခုနှစ် ( Model) / အင်ဂျင်ပါဝါ အမျိုးအစားပေါ်မှုတည်၍ လိုင်စင်ကြေးအား အကောက်ခွန်ဦးစီးဌာနသို့ပေးသွင်းရမည်ဟူ၍ လည်းပါရှိသည်။


မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းသည် (၂) နှစ်ရရှိမည်ဖြစ်ပြီး ၊ လျှပ်စစ်မော်တော်ဆိုင်ကယ်သက်တမ်းသည် (၄) နှစ်ရရှိမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။


>