အလုပ်လက်မဲ့တွေကို တစ်လ၅၀၀၀၀ ကျပ် ပေးပြီး စစ်ကောင်စီကပြည်သူ့စစ်ဖွဲ့နေ


အလုပ်လက်မဲ့တွေကို တစ်လ၅၀၀၀၀ ကျပ် ပေးပြီး စစ်ကောင်စီကပြည်သူ့စစ်ဖွဲ့နေ

ဧရာဝတီတိုင်း၊ပုသိမ်မြို့မှာ အလုပ်လက်မဲ့တွေကို တစ်လ ကျပ် ၅၀၀၀၀ ပေးမယ် စည်းရုံးနေပြီး ပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေးဖို့စစ်ကောင်စီကစီစဉ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။



“ဟုတ်တယ်ဒီလထဲမှာစည်းရုံးနေတာပိုစိတ်လာတယ်၊စစ်ကောင်စီကနေလမ်းညွှန်တာလို့ပြောတယ်၊တစ်လ ၅၀၀၀၀ ပေးမယ်ဆိုပြီးတော့စည်းရုံးတာ၊ကိုယ့်ရပ်ရွာမှာဘဲလုံခြုံရေးလုပ်ရမယ်ပြောတယ်၊



သေနတ်ပေးထားမယ်ပြောပြီး စည်းရုံးနေတာပါ၊လက်ရှိတော့အလုပ်မရှိအကိုင်မရှိတဲ့သူတွေသွားစာရင်းပေးတာတွေ့ရပါတယ်”လို့ ပုသိမ်မြို့ခံတစ်ဦး ကပြောပါတယ်။



ပုသိမ်မြို့နယ်ထဲမှာ ရပ်ကွက်နဲ့ကျေးရွာ ၁ ခုကိုအင်အား ၆၀ နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ စစ်အုပ်စုခန့်အုပ်ချုပ်ရေးမှူးတွေ က ဦးဆောင်လူစုဆောင်းပြီး စစ်မှုထမ်းဟောင်းတွေက စစ်သင်တန်းပေးတာ၊သေနတ်ဖြုတ်၊တပ်တာနဲ့ပစ်ခတ် နည်းတွေကိုသင်ပေးမှာလို့သိရပါတယ်။



”စစ်ကောင်စီရဲ့ပြည်သူ့စစ်အဖွဲမှာ အလုပ်အကိုင်မရှိ၊ ပုံမှန်ဝင်ငွေမရှိသူတွေဖြစ်တဲ့ စစ်မှုထမ်းထမ်းဟောင်းတွေ ပါဝင်ကြတာတွေ့ရတယ်၊ လက်နက်တွေ ထုတ်ပေးပြီးတာနဲ့



လိုအပ်ရင် လိုအပ်သလိုစစ်တိုက်ရမယ်ပြောလို့ အိမ်မှာရှိတဲ့မိသားစုဝင်တွေစိတ်ပူကုန်တာတွေလည်းတွေ့ရတယ်။”လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူ တစ်ဦးကပြောပါတယ်။



ပုသိမ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်းစစ်ကောင်စီရဲ့ဗိုလ်မှူးမင်းမင်းဆိုသူကကိုယ်တိုင်ကွင်းဆင်းပြီးအမှတ် ၁၂ ရပ်ကွက်၊ ကြက်ခတ်ကုန်း၊အမှတ်၇ ရပ်ကွက် ရာမည၊ ရှောပြာစတဲ့ ကျေးရွာတွေနဲ့



ကျေးရွာအချို့က ပြည်သူစစ်အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီးလက်နက်တပ်ဆင်ရေးကိစ္စတွေဆွေးနွေးခဲ့သေးတယ်လို့သိရပြီးဧရာတီတိုင်းအတွင်းက ကျန်မြို့နယ်တွေမှာလည်းစစ်ကောင်စီကပုံမှန်



အလုပ်အကိုင် မရှိကြတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ၊သွေးသောက်အဖွဲ့ဝင်တွေ၊ မဘသတွေ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တချို့အရံမီးသတ်တပ်ဖွဲ့ဝင်တွေကိုပြည်သူစစ်အဖြစ်အသွင်ပြောင်းဖွဲ့စည်းထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။


>