ဘရိုက်တန်ကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ကစားသမားနှစ်ဦးကို ဝေဖန်လာတဲ့ ပေါလ်စခိုး


ဘရိုက်တန်ကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ကစားသမားနှစ်ဦးကို ဝေဖန်လာတဲ့ ပေါလ်စခိုး

ပေါလ်စခိုးဟာအိုးထရက်ဖို့ဒ်တွင်ဘရိုက်တန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်သောပွဲစဉ်မှာခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိတဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားနှစ်ဦးကိုဝေဖန်ပြောကြားလာပါတယ်။


ပေါလ်စခိုးရဲ့ဝေဖန်ပြောဆိုခြင်းခံခဲ့ရတဲ့ယူနိုက်တက်စတားနှစ်ဦးကဖရက်နှင့်စကော့မက်တိုမီနေးတို့ဖြစ်ပါတယ်။အဆိုပါကွင်းလယ်ကစားသမားနှစ်ဦးတို့ဟာ ကွင်းလယ်ကိုထိန်းချုပ်နိုင်ခဲ့ခြင်းမရှိဘဲဂရေဟမ်ပေါ်တာရဲ့ဘရိုက်တန်ရဲ့အနိုင်ကျင့်ခြင်းခံခဲ့ပါတယ်။




ယူနိုက်တက်ဟာပါစကယ်ဂရော့စ်သွင်းယူတဲ့ဂိုးနှစ်ဂိုးကြောင့်ပထမပိုင်းတွင်၂-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပါတယ်။




ယူနိုက်တက်ဂန္ထှဝင်ပေါလ်စခိုးကယူနိုက်တက်ရဲ့ပထမပိုင်းခြေစွမ်းမှာအလွန်ရှက်စရာကောင်းတဲ့ခြေစွမ်းမျိုးဖြစ်ကြောင်းဆိုသွားပါတယ်။




ပေါလ်စခိုးက “တုန်လှုပ်စရာကောင်းတဲ့စတင်မှုပါ။ပထမပိုင်းခြေစွမ်းကတကယ့်ကိုရှက်စရာကြီးပါ။ပထမမိနစ်ကတည်းကအရမ်းဆိုးရွားလာတော့မယ်ဆိုတာပြသနေခဲ့တယ်။မက်တိုမီနေးကဘောလုံးနဲ့အမြဲဆွဲပြေးဖို့ကြိုးစားတယ်။အဓိပ္ပါယ်မရှိတာပါ။အလယ်တန်းအရည်အသွေးကညံ့ဖျင်းလှတယ်။သူအထုတ်ခံရမယ်ဆိုရင်တောင်(ကြမ်းတမ်းစွာဖျက်ထုတ်မှုအတွက်)ပျော်နေဦးမယ်။သူနည်းနည်းကံကောင်းသွားတာ။ပြီးရင်ဘောလုံးဆွဲပြေးတယ်။လုံးဝအဓိပ္ပါယ်မရှိဘူး။အလွယ်တကူပဲအနီကတ်ပြခံရသွားနိုင်တယ်။အလယ်တန်းအရည်အသွေးကညံ့ဖျင်းလှတယ်။ဒီကစားသမားနှစ်ဦးကိုမြင်တွေ့လာရတာလည်းနှစ်အနည်းငယ်ကြာနေပါပြီ။ဖရက်နဲ့မက်တိုမီနေးတို့နှစ်ဦးမှာသူ(တန်ဟက်)အနေနဲ့တစ်ဦးပဲသုံးသင့်တယ်။တစ်ဦးတည်းသုံးတယ်ဆိုရင်တောင်ပြဿနာတော်တော်များနေပြီ။ဖရက်ကဘောလုံးကိုအလွယ်တကူပဲဆုံးရှုံးတယ်။မက်တိုမီနေးကဘောလုံးနဲ့ဆွဲပြေးတယ်။ပြီးရင်ဖြုန်းတီးပစ်တယ်။အကောင်းဆုံးကစားသမားဆီကိုပေးရမှာလေ။ဒါကအရမ်းမခက်ဘူး။ဒါကတော့ဒီနေ့မှာတကယ့်ကိုရာဇဝတ်မှုကျူးလွန်တာပဲ”လို့ပြောကြားသွားပါတယ်။


>